part 9

3.7K 288 3
                                    

နှစ်ယောက်လုံး မိတ်ကပ် ပြင်ပြီး​နောက် ရေပြင်ညီက အရင်အင်္ကျီလဲရန်ထွက်သွားလေသည်။ညီ အဝတ်လဲပြီးမှ ငယ်က အင်္ကျီဝင်လဲလေသည်။အချိန်အားဖြင့် သိပ်မကြာပေ။

ငယ်အဝတ်လဲနေစဉ်တစ်လျှောက် ညီက အပြင်ကနေ၍ စောင့်နေလေသည်။ငယ်အင်္ကျီသည် ကျောဘက်တွင် ဇစ်ပါသည့် သတို့သမီး ဝတ်စုံဖြစ်သည်။

ငယ် ဇစ်ဆွဲမရသည့်အဆုံး အခန်းအပြင်တွင်ရှိသော ရေပြင်ညီ့ကို လှမ်းခေါ်လိုက်လေသည်။

"ညီ ငယ့်ကို ကူပါဦး"

"ဘာဖြစ်..."

ရေပြင်ညီ ဆွံအသွားလေသည်။အခန်းလိုက်ကာကို အနည်းငယ် ဖွင့်ကြည့်ခိုက် မြင်လိုက်ရသည်က ငယ့်ကျောပြင်။တံတွေးအသာမြိုချလိုက်သည်။

ချောမွေ့သော ကျောပြင်လေးကို ထိတွေ့ရင်း ဇစ်ဆွဲပေးလိုက်သည်။ထို့နောက် စိတ်မထိန်းနိုင်စွာ ငယ့်ကျောပြင်လေးကို နမ်းရှိုက်မိသည်။ငယ်က ပြုံး၍ လှည့်ကြည့်လာလေသည်။

ငယ် ရေပြင်ညီ လက်ကို ဆွဲကာ ဓာတ်ပုံရိုက်ရာနေရာသို့ ခေါ်လာခဲ့သည်။

ရေပြင်ညီ ငယ့်နဖူးလေးကို နမ်းရှိုက်နေသည့်ပုံကို ရိုက်လိုက်သည်။

ဓာတ်ပုံရိုက်ပြီးနောက် ပုံတွေကို board ပေါ်တွင် ကပ်လိုက်သည်။စင်အောက်ရှိ လူအားလုံးသည် အပြေးအလွှား sticker လာကပ်ကြသည်။

အချိန်စေ့သောအခါ sticker များကို ရေတွက်ပြီး ဆုများကို ကြေငြာသည်။

ပထမဆုကို လိင်တူ ကောင်လေးအတွဲက ရသွားသည်။

ဒုတိယဆုကိုတော့ သူတို့ဘေးမှ လက်ထပ်ထားသော ဦးနှင့် ခေးစုံတွဲ။

တတိယဆုကိုတော့ ရေပြင်ညီနှင့်ငယ်။

အရုပ်ကလေးပိုက်ထားသော ငယ်သည် အလွန်ချစ်ဖွယ်ကောင်းလှသည်။

ရေပြင်ညီ ငယ့်အနားသို့ တိုးကာပြောလိုက်သည်။

"ဆုရတယ်နော် ညကုတင်ပေါ်တက်လို့ ရပြီလား"

ငယ်က မသိမသာလေး ဆွဲလိမ်လိုက်လေသည်။

ပွဲပြီးသွားသောအခါ ညနေအတော်စောင်းနေလေပြီ။ငယ်တို့ကားလေးမောင်းကာ ပြန်လာခဲ့သည်။ငယ်ကတော့ လည်ပတ်ရသည်ကို အားမရသေး။

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Donde viven las historias. Descúbrelo ahora