part 7

4K 302 4
                                    

ဒီနေ့က ရေပြင်ညီနှင့် ငယ့်၏ first date ဖြစ်သည်။ရေပြင်ညီ ဝတ်နေကျအတိုင်း ဘောင်းဘီ အရှည်လေးနှင့် ပနံသင့်သော shirt အဖြူလေးကို တွဲကာ ဝတ်ဆင်လိုက်သည်။ဆံပင်တွေကို လေတွင် မြောက်နေအောင် စီးရင်း ယောက်ျားကိုင် ပိုက်ဆံအိတ်လေးကို ကိုင်ကာ ငယ့်ကို စောင့်နေလိုက်သည်။ငယ်ကား အရင်နေ့က ဝတ်သည့် အနီရောင် ဝတ်စုံလေးကိုသာ ဝတ်ဆင်ထားသည်။

ရေပြင်ညီ အလိုမကျစွာ ကြည့်ရင်း ငယ့်အား မေးလိုက်သည်။

"ဘာလို့ ဒါပဲ ပြန်ဝတ်လာတာလဲ"

"ညီကလည်း ဒီဝတ်စုံလေးက ငယ်အကြိုက်ဆုံးမို့လေ"

"သွားကြစို့"

ငယ့်လက်ကို ဆွဲကာ ကားကို တရကြမ်း မောင်းထွက်ခဲ့တော့သည်။ဆိုင်တစ်ဆိုင်ရှေ့ရောက်မှ
ငယ့်ကို ဆွဲခေါ်ကာ ကားပေါ်က ဆင်းခိုင်းလိုက်သည်။ငယ်ကား နှုတ်ခမ်းလေး အနည်းငယ်ထော်ကာ

"ဘာလို့ ဇွတ်လုပ်နေတာလဲ ဖြည်းဖြည်းလုပ်လို့ရပါတယ်"

ငယ့်စကားကြောင့် ရေပြင်ညီ ငယ့်မျက်နှာကို ဆွဲယူလိုက်သည်။သူမ၏ ဝင်လေ ထွက်လေသည် ငယ်မျက်နှာလေးကို ကျီစယ်နေလေသည်။ရေပြင်ညီ ငယ့်နားလေးကို ငုံခဲရင်း

"အချိန်တွေက တန်ဖိုးရှိတယ် အလကား အကုန်မခံနိုင်ဘူး"

ထိုသို့ပြောကာ ဆိုင်ထဲသို့ ဝင်ခဲ့လေသည်။ဆိုင်ထဲရောက်တော့ မန်နေဂျာဖြစ်ဟန်တူသည့် အမျိုးသမီးကို ညီပြောလိုက်သည်က

"ဒီဆိုင်ရဲ့ အလှဆုံး ဝတ်စုံကို ပြပါ"

ချက်ချင်းပင် တန်ဖိုးကြီး ဝတ်စုံများ တန်းစီရောက်လာလေသည်။ဝတ်စုံတစ်စုံ၏ ဈေးနှုန်းသည် သိန်းဆယ်ချီပင် ရှိလေသည်။
(နင်ပြောတော့ နင်က ငမွဲဆို )

ရေပြင်ညီ ငယ့်ကို တစ်စုံပြီး တစ်စုံလဲခိုင်းလိုက်သည်။နောက်ဆုံးဝတ်စုံလေး ဝတ်နေစဉ် ရေပြင်ညီ ဆိုင်မန်နေဂျာကို ပြောလိုက်သည်က

"သူဝတ်တဲ့ ဝတ်စုံတွေအားလုံးကို ယူမယ်"

လက်ထဲရှိ bank card လေးကို ထုတ်ကာ ပေးလိုက်သည်။

အဝတ်လဲခန်းထဲမှ ငယ်သည် အဖြူရောင် ဝတ်စုံလေးကို ဝတ်ကာ ထွက်လာလေသည်။နတ်သမီးတစ်ပါးကဲ့သို့ လှပလွန်းသည်။ဝတ်စုံလေးက ငယ်ဝတ်လိုက်မှ ပို၍ပင် ပေါ်လွင်သွားလေသည်။သေချာတာက ထိုဝတ်စုံ၏ တန်ဖိုးသည် ကားတစ်စီးဖိုးစာလောက် ရှိသည်ပင်။မရှိပဲ နေရော့မလား ဝယ်ပေးသည့် တံဆိပ်သည်က Gucci။ငယ်ကား ဘာကိုမှ မသိသော ကလေးတစ်ယောက်လို ပျော်ရွှင်နေပေသည်။

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Where stories live. Discover now