part 21

3.1K 288 8
                                    

ငယ် အခန်းထဲသို့ ဒေါ်နန်းဦးခင်(အဖွား) အပြေးဝင်လာကာ ဝမ်းသာအားရ ပြေးဖက်လေသည်။

"မြေးငယ်ရယ် အဖွားဝမ်းသာလိုက်တာ အဖွား အဖွားအရမ်းပျော်တာပဲ မြေးငယ် သက်သာလာရင် အိမ်ပြန်ကြမယ်နော် မြေးငယ်ကို အရင်ကထက် ပိုဂရုစိုက်ပါ့မယ်ကွယ်"

"ဟိုလေ ဖွားဖွား သမီး မပြန်ချင်ဘူး သမီး ညီနဲ့ပဲ နေချင်သေးတယ်"
ငယ်က ညီ့ကို ကြည့်ကာ ပြောလိုက်လေသည်။ညီကတော့ ရေးရေးလေးသာ ပြုံးနေလေ၏။
ငယ်ရဲ့ အကြည့်တွေကြောင့် ဒေါ်နန်းဦးခင် ညီ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးပြလိုက်လေသည်။အလိုမကျမှု အနည်းငယ်ပါဝင်သော်လည်း..

"ဘာလို့လဲ မြေးငယ် မြေးက ဖွားဖွားတို့နဲ့ မနေချင်လို့လား"

"မဟုတ်ပါဘူး ဖွားဖွားရဲ့ ညီက ငယ့်အသက်ကို ကယ်ထားတာလေ ငယ်က အခုသက်သာတော့ ညီ့ကို ဒီတိုင်းပစ်ထားခဲ့ရင် ဘယ်လိုလုပ်ကောင်းမလဲ"
မရဲတရဲလေး အဆင်ချောအောင် ပြောနေသောသူမ။ ဒေါ်နန်းဦးခင်အလိုမကျသလို ညီ့ကို ကြည့်လိုက်ရင်း

"မိန်းကလေး "
ရေပြင်ညီ မျက်နှာနည်းနည်း ပျက်သွားသည်။တစ်ခါမှ ထိုကဲ့သို့ အခေါ်မခံခဲ့ရဖူးပေ။ ဒေါ်နန်းဦးခင် ရေပြင်ညီကို ကျေးဇူးတင်သလိုကြည့်ရင်း

"မြေးငယ်ကို မင်းကယ်ခဲ့တာဆို ကျေးဇူးတင်လိုက်တာကွယ်"

"ရပါတယ် ကျတော်လည်း မတော်တဆ ကူညီသလို ဖြစ်သွားတာပါ"
ညီ့မျက်ဝန်းက ဝမ်းနည်းမှုတွေကို ငယ်မြင်လိုက်သည်။ ဒေါ်နန်းဦးခင်က ညီ့လက်ကို ကိုင်ရင်း

"မြေးလေးက မင်းကို သံယောဇဉ်တွယ်နေရှာတာ မြေးလေးကို အဖွားတို့နဲ့ ပြန်လိုက်ဖို့ ဖျောင်းဖျပါဦးကွယ်''
ညီ ငယ့်ကို ပြုံးကာ ကြည့်ရင်း

"ငယ် ငယ်က အခု တစ်ကောင်ကြွက်မဟုတ်တော့ဘူး ငယ်မှာ မိဘတွေ မောင်နှမတွေ ရှိနေပြီ ဧည့်သည်ဆိုတာ အိမ်ပြန်ရတယ် ငယ်ရဲ့ ငယ်ကအခု အိမ်ကိုရှာတွေ့သွားပြီလေ ငယ် ပြန်လိုက်နော် ငယ်လိမ္မာပါတယ် ညီက ငယ်ကိုအမြဲလာတွေ့နေလို့ရတယ်လေ"
ရေပြင်ညီ ငယ့်ခေါင်းလေးက ဆံပင်လေးတွေကို သပ်တင်ကာ ပြောလိုက်သည်။

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Where stories live. Discover now