part 23

3.1K 300 4
                                    

"ကျတော် လက်မခံနိုင်ဘူး ဖွားဖွား''

ကုမ္ပဏီ ကိစ္စကြောင့် ထိုင်းဘက်ကို တစ်ပတ်လောက်သွားပြီး အိမ်ပြန်လာချိန်တွင် ဆီးကြိုကာ ပြောလိုက်သော ဖွားဖွားစကား။

ရတု ငယ့်ကို လိုက်ရှာနေသော်လည်း မတွေ့။ဒေါ်နန်းဦးခင် ရတု၏ အမူအရာတို့ကို နားလည်ကာ

"မြေး ရှာမနေနဲ့ မြေးငယ်ကို ရန်ကုန် ပြန်ပို့လိုက်ပြီ"

"ဖွားဖွား"
"ငယ်...ငယ်ကရော လက်ခံလို့လား"

"အို လူကြီးတွေကို သူက လွန်ဆန်နိုင်မှာလား "

"ဖွား အရမ်းလွန်တယ်နော်"

"အို...ဒါငါ့အမိန့် ပဲ မင်းက ငါ့မြေး ငါ့စကားကို နာခံငါဒါပဲ လိုချင်တယ်"

"ရေပြင်ညီကရော လက်ခံပါ့မလား"

"သူ့ မှာငြင်းပိုင်ခွင့် မရှိဘူး"

"ကျမမှာ ငြင်းပိုင်ခွင့်ရှိတယ်"
ရုတ်တရက် ထွက်ပေါ်လာသော အသံ။

ရေပြင်ညီ အလုပ်ပြီးပြီးခြင်း ငယ့်ဆီသို့ အပြေးလာခဲ့ခြင်းဖြစ်သည်။အိမ်ထဲ ဝင်မည်လုပ်တော့ ရတုတို့ စကားပြောနေတာကြောင့် ခနရပ်ကာ နားထောင်မိသည်။

အတ္တကြီးလွန်းသော ဒေါ်နန်းဦးခင်စကားကြောင့် မခံမရပ်နိုင်စွာ ဝင်ပါမိခြင်းပင် ဖြစ်သည်။

ဒေါ်နန်းဦးခင် ရေပြင်ညီ့ကို မျက်မှောင်ကျုံ့ကာ ကြည့်ရင်း ပြောလိုက်သည်။

"လူကြီးတွေစကားပြောတာကို ချောင်းနားမထောင့်သင်ဘူးထင်တယ် ရေပြင်ညီ"

"ချောင်းနားမထောင်ပါဘူး မတော်တဆ ကြားမိတာပါ
ပြီးတော့ မဖြစ်နိုင်တာမို့ ဝင်တားမိရုံပါပဲ''

"အိုး မတော်တဆလား ဒါဆို အတော်ပဲ ရေပြင်ညီအနေနဲ့ အဖွားတို့​မြေးကို ငြင်းမယ်မထင်ဘူး"

"ဒါပေမယ့် ကျမငြင်းတယ်လေ"
ယုံကြည်မှု ပြင်းလွန်းတဲ့ မျက်ဝန်းတွေနဲ့ သူမ ကြည့်လိုက်သည်။

"ပြောပါဦး အဖွားမြေးက ဘာတွေလိုအပ်ချက်ရှိနေလို့လဲ ဒါမှ မဟုတ် မင်းက အောက်တန်းကျတဲ့ လိင်တူခြင်းကြိုက်တဲ့မိန်းကလေး ဖြစ်နေလို့လား"

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Où les histoires vivent. Découvrez maintenant