part 11

3.5K 222 3
                                    

ရေပြင်ညီ ငယ့်ကြောင့် တစ်နေကုန် အလုပ်ဖြောင့်ဖြောင့် မလုပ်နိုင်ပေ။

ဖုန်းဝယ် မပေး၍ ငယ် ညီ့ကို အဖက်မလုပ်ပါ။

ရေပြင်ညီ နေမရသည့်အဆုံး အလုပ်ဆင်းကာ အိမ်သို့ ပြန်ခဲ့လိုက်သည်။ရေပြင်ညီ အိမ်ရောက်ရောက်ချင်း စီးကြိုသည်က ငယ်..။ကြည်နူးဖွယ် တီတီတာတာဖြင့်..။

"ပြန်လာပြီလား အလုပ်ပြုတ်လာတာလား "
"ဘာလို့ စောပြန်လာတာလဲ နောက်ကျမှ ပြန်လာပေါ့ အေးပေါ့လေ ဖုန်းမရှိတော့ စိတ်ပူစရာမလိုဘူးပေါ့ ကောင်းလိုက်တာ "

"လိုက်ခဲ့"

ရေပြင်ညီ စကားကြောင့် ငယ်ကြိတ်ပျော်သွားသည်။ငယ်ချွဲရင် ညီ ခံနိုင်ရိုးလား။
လက်ဆွဲကာ ခေါ်လာခဲ့သည်။

Phone ဆိုင်တွင် ဖြစ်သည်။
ငယ် အိမ်နေရင်းဆွဲခေါ်ခံခဲ့ရသည်မို့ ဖိနပ်သည် အိမ်နေရင်း စွပ်ဖိနပ်အဖြူပါးလေး။အက်ႌသည္ကား ညအိပ္ဝတ္စံုလိုလို ဘာလိုလို။

ဆိုင်ရှေ့ရောက်တော့ ငယ့်လက်ကို ဆွဲကာ အထဲဝင်မည်အလုပ်

"Cause you amazing''''
"""Just the way you are'''

ဖုန်းလာနေ၍ ငယ့်ကို အရင်ဝင်ခိုင်းလိုက်သည်။

"လိုချင်တာ အကုန်ယူထားလိုက် ညီ လာရင်ရှင်းပေးမယ် နော် ခနလေးပဲ ဖုန်းပြောပြီးတာနဲ့ တန်းလာခဲ့မယ်"

ငယ် ညီ့ကို မျက်စောင်းထိုးကာ ဆိုင်ထဲသို့ ဝင်လာခဲ့လေသည်။ဆိုင်ဝင်ထမ်းကောင်မလေးများက ငယ့်ကို ရွံ့ သလို အထင်သေးသလို ကြည့်နေလေသည်။ငယ် ပြုံးပြလိုက်ရင်း

"အမ ဖုန်းလိုချင်လို့ "

"Keypad လားညီမလေး အမတို့ဆိုင်က ဈေးကြီးပြီး ပစ္စည်းကောင်းတာတွေပဲ တင်တာ ညမလိုချင်တဲ့ဟာ မရှိလောက်ဘူး"

ငယ် ရေးရေးလေးပြုံးရင်း မျက်စိကစားလိုက်တော့ iphone အဖြူလေးကို သွားတွေ့လေသည်။ငယ် ဖုန်းထည့်ထားတဲ့ မှန်ကောင်တာကို အတင်းကပ်ကာ လက်ညိုးထိုးရင်း

"ဒါလေး လိုချင်တယ်"

ဝန်ထမ်းကောင်မလေးက အထင်သေးစွာ ထုတ်ပြလိုက်လေသည်။ငယ် ဝမ်းသာအားရ ဖုန်းလေး ကိုင်မည်လုပ်မှ ဖုန်းကို ပြန်ဆွဲယူကာ ကောင်တာထဲ ပြန်ထည့်လိုက်လေသည်။

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Where stories live. Discover now