part 2

5.4K 382 2
                                    


Unicode

Double restaurant တွင် ဖြစ်သည်။

"ဒါဆို ကိုယ်ထိလက်ရောက်ကျူးလွန်တာက ရှင်မဟုတ်ဘူးပေါ့"

ရှေ့နေပီပီ စကားကို ပြတ်သားစွာ ပြောတတ်သည်။

"ကျမက မတရားခံရတာပါ​ရှေ့နေကြီးရယ်"

ပြောပြောဆိုဆိုနှင့် အမှုသည်က သူမ၏ လက်ကို လာကိုင်လေသည်။ကိုင်ထားသော လက်ကို ချက်ချင်းပင် ပုတ်ထုတ်ကာ တစ်ရှူးဖြင့်သုတ်လိုက်လေသည်။

"ပါးစပ်နဲ့ပြောပါ လက် မပါပါနဲ့ "

"ဟုတ်...ဟုတ်ကဲ့"

အမှုသည် အမျိုးသမီးမှာ ချက်ချင်းပင် မျက်နှာပျက်သွားသည်။

"ဒါဆို... ခွင့်ပြုပါဦး ရုံးချိန်းလည်း ရှိသေးလို့"

ပြောပြောဆိုဆိုနှင့် နာရီကို တစ်ချက်ကြည့်ကာ တရားရုံးသို့ ပြေးရလေသည်။

.....

တရားရုံးတွင်ဖြစ်သည်။

"တရားလိုဟာ မိမိကိုယ်ကို ခုခံကာကွယ်ဖို့အတွက် မတော်တဆ တရားခံကို ထိခိုက်စေခဲ့တာဖြစ်ပါတယ် ဒါ့ကြောင့် ကျမရဲ့ အမှု့သည်ဟာ အပြစ်ကင်းစင်ပါတယ် တရားသူကြီးမင်း"

(ကျွနု်ပ်သည် တရားရေးလောကမှ မဟုတ်ပါသဖြင့် နားလည်သလို ရေးသားထားခြင်း ဖြစ်သည်။)

ညနေစောင်းကာမှ အမှု ့က ပြီးသွားလေသည်။အားရပါးရ ပျင်းကြောဆန့်ကာ ဖိုင်တွေ သိမ်းနေခိုက်

"ကိုယ်တို့ ညစာသွားစားကြမလား"

ဘေးနားသို့ လာရပ်ကာ မေးနေသော အမှုပြိုင်ရှေ့နေကို သူမ မျက်စောင်းခဲလိုက်ကာ 

"Sorry ပါ မရင်းနီးတဲ့လူတွေနဲ့ အတူမစားတတ်လို့ ခွင့်ပြုပါဦး သွားလိုက်ပါဦးမယ် "

"ဘာလို့ ကိုယ့်ကို ငြင်းနေတာလဲ ကိုယ်နားမလည်ဘူး "

တစ်ဖတ်မှ လူက သူမ၏လက်ကောက်ဝစ်ကို ဆုတ်ကိုင်လိုက်လေသည်။

ရေပြင်ညီ ထိုသူ၏ လက်ကို ခါချကာ necktie ကို ဆွဲယူပြီး မျက်နှာကို ဆွဲကပ်လိုက်သည်။သူမ၏ နှုတ်ခမ်းပါးမှ အသံကား သူ၏ နားသယ်စလေး၌ ပြေးလွှားနေလေသည်။

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Wo Geschichten leben. Entdecke jetzt