part 16

3.3K 443 6
                                    

ရတု ကျသွားသော ဖုန်းလေးကို ကြည့်ရင်း အလိုမကျစွာ မျက်ခုံးပင့်မိသည်။မိန်းကလေးတိုင်း လိုချင်သောမိမိသည် အငြင်းခံရသည်တဲ့လား။တောက်စ်တစ်ချက်ခေါက်ရင်း

"ငယ်...ဟက် ရယ်စရာပဲ မိန်းမချင်းကြိုက်နေလို့ ငါက အငြင်းခံရတယ်တဲ့လား မဖြစ်နိုင်လိုက်တာ"
"ရေပြင်ညီ..မင်းက ထင်ထားတာထက် ပိုစိတ်ဝင်စားဖို့ ကောင်းတာပဲ"

ဖုန်းကို စိုက်ကြည့်နေရင်း အခန်းတံခါးဖွင့်သံနှင့်အတူ

"သားရေ ရတု ဒီနေ့ သားညမလေးဆီကို သွားရမှာနော်"

ခက်ထန်နေတဲ့ သူ့မျက်နှာဟာ ချက်ချင်း ဝမ်းနည်းရိပ်သန်းသွားသည်။ဖြည်မဆည်နိုင်ခြင်းတွေ.. နောင်တတွေ...အကယ်၍ အဲ့နေ့က သူသာ နန်းလေးကို အလိုမလိုက်ခဲ့ဘူးဆိုရင်...။

ခနအကြာ ဖွားဖွား ၊နန်း၏ မိခင် ဖခင်နှင့်အတူ ရတု။အားလုံးတို့သည် နန်းရှိရာ အဖြူရော
အုတ်ဂူလေးဆီသို့ သွားကြလေသည်။

သူမအိပ်စက်ရာ အဖြူရောင် အစိုင်အခဲလေးသည် တောက်ပလို့ နေ၏။ဘေးပတ်လည်တွင် သူမနှစ်သက်သော ကြယ်ပန်းဖြူတွေ ပွင့်နေလေသည်။

ရတု အဖြူရောင် လီလီ ပန်းစည်းလေးကို သူမရဲ့ အုတ်ဂူပေါ်တင်လိုက်ရင်း ငိုနေမိသည်။

"နန်းငယ်နဲ့ ပတ်သက်ရင် ကိုကို အားနည်းနေတုန်းပဲ ကိုကိုယုံတယ် နန်းငယ် တစ်နေ့ ကိုကိုတို့ဆီ ပြန်လာမယ်ဆိုတာ ကိုကိုသိတယ် အဲ့အချိန်ကျရင် ကိုကို နန်းငယ် လိုချင်တာတွေ အားလုံး လုပ်ပေးမယ် အရင်ထက် နန်းငယ်ကို ပိုဂရုစိုက်မယ် အရငိကထက် နန်းငယ်ကို ပို ချစ်ပေးမယ် နန်းငယ်ကို ကိုကို အရမ်းသတိရတယ် အဲ့နေ့က ကိုကိုသာ နန်းငယ်ကို.. "

"ရတု သား
...သားအမှားမဟုတ်ပါဘူး ကံကြမ္မာရဲ့ အလိုအရ မြေးလေးကို ပြန်ခေါ်သွားကြတာ မြေးလေးက အရမ်းကို အပြစ်ကင်းစင်တဲ့ကလေးလေး ကောင်းမွန်တဲ့နေရာကို ရောက်မှာပါကွယ်"

အတော်ကြာမှ အိမ်သို့ ပြန်လာခဲ့ကြသည်။ညနေပိုင်းတွင် နန်းရဲ့ မိဘတွေက ရန်ကုန်သို့ ပြန်သွားကြလေသည်။နန်း တည်ရှိရာ ရွှေမန်းပြည်ကို တစ်ခါတစ်လေမှသာ ရောက်လာကြလေသည်။

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Where stories live. Discover now