part 25

3.2K 264 2
                                    

တစ်ပတ်လောက်ကြာတော့ ငယ် ဆေးရုံဆင်းခွင့်ရသည်။ညီကတော့ သတိမရသေးသလို ညီဆိုသည့်လူကိုလည်း ဂရုစိုက်မည့်သူမရှိသေး။

မနက်ဖြန်ဆိုရင် ငယ်ဆေးရုံက ဆင်းရတော့မည်။ညီဘယ်ရောက်နေသည်ကို သူမသိ။ညီအဆင်ပြေရဲ့လား စိတ်ပူမိသည်။ရတုကို နေ့ စဉ်နေ့တိုင်း ညီ့ဆီဖုန်းဆက်ခိုင်းပါသော်လည်း ဖုန်းကခေါ်မရ။ငယ် စိတ်ပူပူနဲ့ ပဲ ညီ့အလာကို မျှော်နေမိသည်။

မကြာပါ။ငယ့် အခန်းထဲသို့ ရတုဝင်လာကာ နဖူးလေးကို စမ်းရင်း

"လမ်းလေး ဘာလေး ထွက်လျှောက်ပါဦးလား ဒါမှ မြန်မြန်သက်သာမှာ"

"ညီ့သတင်းရော"

"မရသေးဘူး ညီပြန်လာမှာပါ ငယ်က ကျန်းကျန်းမာမာနဲ့ ညီ့ကို့ စောင့်နေလေ..နော်"

"အင်း''

"မစောင့်ရဘူး"
တံခါးဝမှ ဖွားဖွား၏ အသံ။မာန်မာနတို့သည် အသံကို ခက်ထန်စေ၏။

ဒေါ်နန်းဦးခင် ငယ့်ဘေးတွင် ဝင်ထိုင်လိုက်ရင်း အထက်စီး ဆန်စွာ ပြုံးကာ

"မြေးငယ် နောက်လဆိုရင် လက်ထပ်ရတော့မယ်"

"ဖွားဖွား သမီးက"

"နောက်ထပ်မကြားချင်ဘူး အကုန်စီစဉ်ပြီးပြီ"

"ဖွားဖွား မလွန်ဘူးလား ကျတော့်ကို ဖွားဖွား ကြိုက်သလိုစီစဉ် ငယ့်ကို တော့ လွှ တ်ပေးလိုက်ပါ"

"အို. မရပါဘူး ဖွားမြေးက ရွှေဘုံနန်းက အထက်တန်းဆန်ဆန် မင်းသမီးလေး ဘယ်နည်းနဲ့မှ အဲ့ကိစ္စကို သဘောမတူနိုင်ဘူး''

"ဖွားဖွား.. ငယ်က အပျို.."

"ကိုကို"
ငယ့်ရဲ့ အော်သံကြောင့် ရတု စကားကို ပြန်ထိန်းလိုက်မိသည်။တောက်စ်တစ်ချက်ခေါက်ရင်းသာ အခန်းအပြင် ထွက်လာခဲ့လိုက်သည်။အခန်းထဲက ငယ်ကတော့ အရှက်တရားနဲ့ သတ္တိကို လွန်ဆွဲဆဲ။

ရတု အခန်းတံခားကို ​ဆောင့်ပိတ်ကာ ဘာရယ်မဟုတ် အခန်းချင်းကပ်လျက် တံခါးလေးကို ရုတ်တရက်ကြည့်မိသလိုဖြစ်သွားသည်။

"ရေ...ရေပြင်ညီ"

ရတု ချက်ချင်း တံခါးကို ဖွင့်ကာ ဝင်လိုက်တော့ ကုတင်ပေါ်မှာ ဖျော့တော့စွာ လဲလျောင်းနေသူ။ဆေးလာသွင်းပေးသည့် သူနာပြုမလေးက ဆွေမျိုးလား ဟုမေးကာ ဖြစ်စဉ်ကို ပြောပြလေသည်။ရတု ပြုံးလိုက်မိသည်။

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Where stories live. Discover now