part 18

3.1K 328 6
                                    

ရေပြင်ညီနှင့် စိုင်းရတု တရားရုံးမှ ပြန်လာကြပြီး cafeတစ်ခုတွင် အောင်ပွဲခံနေကြလေသည်။
စိုင်းရတုက ညီ့ကို ငွေချေရင်း

"ဒါက ကျတော့်ဘက်က ကျန်တဲ့ငွေပါ စစ်ကြည့်ပါဦး"

"ရပါတယ် ဒါဆို ကျမ ပြန်တော့မယ်"

ထသွားသော သူမလက်ကို ဆွဲလိုက်လေသည်။

"ရေပြင် ကျတော်တို့ သူငယ်ချင်း ဖြစ်လို့ရမလား "

"လက်ကို အရင်လွှတ်သင့်တယ်"

"အာ sry ''
သူမလက်ကို လွှတ်လိုက်မှ ပြန်ထိုင်လေသည်။

"ရှင်းရှင်းပြောမယ်နော် ကျမ သူငယ်ချင်းမလိုဘူး ယုံလည်း မယုံဘူး ပြီးတော့ အားလုံးက နောက်ကျောကို ဓားနဲ့ထိုးဖို့ စောင့်နေတဲ့ သူတွေချည်းပဲ ဆိုတော့ ရှင်နားလည်းလား"

"ရပါတယ် ရေပြင် ကျတော့်ကို သူငယ်ချင်းအဖြစ် လက်ခံလာတဲ့အထိ ကျတော် ကြိုးစားမှာပါ"

"ဆိုတော့ ကျမသွားလို့ ရပြီလား"

"ကျတော်လိုက်ပို့မယ်လေ ကြိုးစားခွင့်တော့ ပေးသင့်တာပေါ့"

"ဒါပေမယ့် ကျမမှာ ကားပါတယ်လေ နောက် တိုက်ဆိုင်မှပေါ့"

အပြုံးအရယ်မရှိ ကျောခိုင်းသွားသော ခပ်ချေချေသူမ၏ ကျောပြင်ကို ကြည့်ရင်းသာ ကျန်ခဲ့ရသည်။

.
.
.
ရေပြင်ညီ အမှု့ ပြီးသည့်အတွက် ငယ့်ကို surprise giftပေးရန် လက်ဝတ်ရတနာဆိုင်သို့ လာခဲ့လေသည်။ညီ့ မျက်စိထဲသို့ တစိုက်မတ်မတ်ဝင်ရောက်လာသော ဤအရာ။ရွှေနှင့် ငွေ ပေါင်းစပ်ထားသလို လက်စွပ်နှစ်ကွင်း။အလယ်တွင် စိန်ပွင့်ကလေးနှင့် အလွန်တင့်တယ်သည်။ညီ ငယ့်အတွက် ဝယ့်ကာ သေချာထုတ်ပိုးလိုက်လေသည်။

အိမ်ပြန်ရောက်ချိန်တွင် တံခါးဝကနေ ငယ့်နာမည်ကို လှမ်းခေါ်မိသည်။ပြန်ထူးသံမကြားရ၍ အပြေးအလွှားအိမ်ထဲ ဝင်ကာ လိုက်ရှာမိသည်။
ဧည့်ခန်း..မီးဖိုချောင်.. အိပ်ခန်း...ငယ်ရှိမနေပါ။ရေပြင်ညီရဲ့ ခေါင်းတွေ ပူထူလာသည်။

"ငယ် ငယ်ညီခေါ်နေတယ်လေ ပြန်ထူးကွာ ငယ်"

"အတိတ်ကိုသတိရလို့ ထွက်ပြေးသွာလား ဟင့်အင်း ညီ့ကို ထားခဲ့လို့မရဘူး''

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Where stories live. Discover now