part 17

3.2K 311 8
                                    

Dream hotel ​မြေညီထပ်တွင် ဖြစ်သည်။ရေပြင်ညီနှင့် စိုင်းရတု အလုပ်ကိစ္စဆွေးနွေးရင်း..

"ဒါဆို ရုံးချိန်းက သဘက်ခါပေါ့ အဲ့ကျမှပဲ တွေ့ကြတာပေါ့ ကိုစိုင်းရတု"

"ကျတော့်ကို ရတုလို့ခေါ်ပါ့လား နာမည်အခေါ်ခံရတာ တစ်မျိုးကြီးပဲ ကျတော်လည်း ရေပြင်ညီကို ညီလို့ ခေါ်ချင်လို့လေ"

"အော် အဲ့တာကတော့ မဖြစ်ဘူး တခြားနာမ်စားတစ်ခုခု ခေါ်ပါ့လား "

"ဘာလဲ ညီရဲ့ ကောင်မလေးက မကြိုက်လို့လား''

"ရှင် ကိုစိုင်း...sry ရတုက ဘယ်လို"

"အော် ဘာရယ်တော့မဟုပါဘူး ကျတော် ဖုန်းဆက်တုန်းက ငယ်ဆိုတဲ့ နာမည်ရယ် လက်ထပ်မယ်ဆိုတာရယ် ကြားလိုက်လို့ပါ"

"အာ ဆိုတော့ အမှုကို ကျမနဲ့ ဆက်လိုက်ချင်သေးလား"

"ဗျာ ညီ ဘာကိုပြောတာလဲ"

"ကျမက လိင်တုချင်း ကြိုက်လို့ ရှင့်အမှု့ကို ဆက်ကိုင်စေချင်ရဲ့လားလို့ ပြောတာပါ"

"အော် မဆိုင်လိုက်တာဗျာ ကျတော်တောင် လိင်တူကြိုက်တဲ့ အမျိုးသမီးကို ချစ်သေးတာပဲ ကျတော့်အမှု့ ကိုလည်း အဲ့အမျိုးသမီးကိုပဲ ဆက်ကိုင်စေချင်ပါတယ်"

"ရှင်"

"Noth''

ရတု ပုခုံးကို တွန့်ကာ ပြုံးပြလေသည်။ရေပြင်ညီကတော့ မသိသလိုပင်။

.
.
ရုံးပြန်ရောက်ချိန်တွင် ညနေ 3 နာရီပင် ထိုးနေလေသည်။ညီ အမှုတွဲတွေ ပြန်စီရင်း ငယ့်ဆီကို ဖုန်းဆက်လိုက်သည်။

"ဟယ်လို ငယ် ညနေဘာစားချင်သေးလဲ ညီ ဝယ်လာမလို့"

"အင်း KFCရယ် chocolate cakeရယ် sandwich ရယ် bobble teaရယ် ပြီးတော့ ဝက်သားတုတ်ထိုးရယ်"

"Ok အကုန်ဝယ်လာခဲ့မယ် "

"အား ချစ်လိုက်တာကွာ "

ဖုန်းလေးကို ကြည့်ရင်း အစားပုတ်သည့် ကောင်မလေးကို ချစ်ပြီးရင်း ချစ်နေမိသည်။
..
.
.
.

အိမ်တွင် ငယ် သည်လည်း သန့်ရှင်းရေးဝင်ကာ couple dinner စားရန် ပြင်ဆင်နေလေသည်။
.
.
.
.ရေပြင်ညီ အိမ်ပြန်ရောက်ချိန်တွင် တစ်နေ့ အိမ်လုံး ဖယောင်းတိုင်မီးများဖြင့် ထွန်းလင်းနေလေသည်။တီဗီရှေ့က ဆိုဖာပေါ်တွင် အိပ်ပျော်နေသော ငယ်။ရှပ်အင်္ကျီအဖြူလေးကို ဖရိုဖရဲဝတ်ထားပုံက ကျားရှေ့ကို စားပါလို့ အသနားလာခံသော ယုန်သူငယ်လိုပင်။စောင်ခြုံးပေးဖို့ သူမဆီကို သွားလိုက်တော့ မိမိဘက်ကို ဖင်ပေးကာ ပြန်အိပ်နေလေရဲ့။

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Where stories live. Discover now