part 15

3.4K 288 5
                                    

ရေပြင်ညီ ငယ်နဲ့အတူ ရုပ်ရှင်ကြည့်နေစဉ် ရုတ်တရက် ဖုန်းဝင်လာလေသည်။

Contact ကို ကြည့်လိုက်တော့ ကုမ္ပဏီပိုင်ရှင် အမှုသည်။ဆိုလိုရင်းက စိုင်းရတု...။

ဟုသည်။ရေပြင်ညီ၏ ဖုန်းထဲတွင် contact နှစ်ခုသာရှိသည်။တစ်ခုက ချစ်ရဆုံးသော ငယ်။
Contact အခေါ်ပြောရလျှင်''''' ညီရဲ့ ကမ္ဘာချစ်တုံးလေး''''။

(ယူ မျက်နှာလိုက်တယ်နော်😕😕😕😕)

ကျန်သည့်တစ်ခုက အမှုသည် ဟူ၍။

ရေပြင်ညီ ငယ့်ကို ခနထားကာ ဖုန်းကိုင်မည်အလုပ် ငယ်က လက်ကို ဆွဲထားလေသည်။

"ဒီမှာပဲ ပြောကွာ..နော် ငယ်လည်းနားထောင်မယ်လေ''

မယားစကား မပယ်ကောင်း ဆိုသလို ရေပြင်ညီ ပြန်ထိုင်လိုက်ပြီး speaker ဖွင့်ကာ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို အမိန့်ရှိပါ"

"ရေပြင်ညီ အခု ကျတော်နဲ့ ဖုန်းပြောလို့ရမလား"

"ဟုကဲ့ ပြောပါ"

အတော်ကြာသည်အထိ အလုပ်ကိစ္စပြောဖြစ်သည်။ငယ်က ရေပြင်ညီ ပေါင်ပေါ်ကို ခေါင်းအုံးရင်း ရုပ်ရှင်ကြည့်နေလေသည်။ဖုန်းချခါနီးမှ အမှုသည်ဆိုသော ထိုလူသည်

"ရေပြင်ညီကို ကျတော် အပြင်မှာ တစ်ခုခု လိုက်ကျွေးပါရစေ"

"မလိုပါဘူး"

"ကျတော် ညီနဲ့ ခင်ချင်ပါတယ်"

ပေါင်ပေါ်က ငယ်သည် ခေါင်းလေး ဆက်ကနဲ့ထောင်လာကာ ဖုန်းကို ယူပြီး

"ညီ...ငယ်တို့ လက်ထပ်ကြရအောင်နော်"
ဖုန်းနားလေကို ကပ်ကာ နှုတ်ခမ်းထော် ရုံးပတီသီးသံနဲ့ ပြောကာ ဖုန်းချလိုက်လေသည်။

ရေပြင်ညီကတော့ ဖုန်းပြန်ပေး ဆိုသည့်အထာဖြင့် လက်ဖြန့်ထားလေသည်။

ငယ် ဖုန်းကို ညီ့လက်ထဲ ဇွတ်ထိုးထည့်ကာ ခါးလေးကို ဖက်လိုက်သည်။မျက်လုံးလေးကို အပေါ်လှန်ကာ ညီ့ကို ချွဲရင်း

"ညီ...စိတ်မဆိုးပါနဲ့"
"ငယ်က သဝန်တိုလို့ပါ အဲ့လူက ညီကို အဲ့လိုကြီးခေါ်တော့ ငယ်က သဝန်တိုတာပေါ့လို့"

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Where stories live. Discover now