part 26

3.5K 258 0
                                    

ငယ် ညီ့ခေတ်ရှေ့သို့ တစ်လှမ်းတိုးလေ ညီခေတ်က ငယ့်ကို လန့်ကာ နောက်တစ်လှမ်းဆုတ်လေ။နောက်ဆုံး ဆုတ်စရာမရှိပဲ နံရံကြီးပဲ ကျန်မှသာ ရပ်တန့်သွားလေသည်။

ငယ် ညီခေတ်ကို ကြည့်ကာ ချက်ချင်းပင် တောင်းပန်လိုက်သည်။ခါးကို တစ်ဝက်လောက်ထိ ကိုင်းကာ တောင်းပန်မှ ညီခေတ်ကအပူလုံးကြီးကျသွားကာ ငယ့်ကို ပြုံး၍ နှစ်သိမ့်လေသည်။

ရတုက မျက်စိရှေ့ရှိ ထင်မထားသည့် မြင်ကွင်းကြောင့် အံ့ သြ သွားလေသည်။

ညီခေတ်သည် ငယ့်ကို နားလည်ရုံသာမက ညီ့ကို တန်ဖိုးထားရန်ပါ သင်ပေးနေလေသည်။
လက်ထပ်ပွဲကို လည်း စိတ်ပူစရာမလိုကြောင်း
ညီနဲ့ ပေါင်းဖတ်ဖို့အရေး သူကူညီပေးမည်ဖြစ်ကြောင်း ညီနဲ့ငယ် လက်ထပ်ဖို့ရန် သူတာဝန်ယူကြောင်း ။အံသြ လောက်စွာပင် ချစ်ရသူနဲ့ ပေါင်းဖို့အရေးကို သတို့သားလောင်းက ကူညီပေးသည်တဲ့လား။

မကြာမီပင် ငယ် ညီခေတ်ကို အစ်ကိုတစ်ယောက်လို ခင်မင်လာတော့သည်။ငယ် ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည့်အခါ ညီခေတ် စတင် ပွင့်ထွက်လာလေသည်။

"အမလေး ငယ်ရယ် ကျတော်သာငယ့်မေရာမှဆိုရင်လေ ဖွားတို့ဆီပြန်မလာဘဲ ညီနဲ့ခိုးပြေးမှာ
လူတွေကလေ အမြဲပဲသိလား ချစ်တာက ချစ်တာပေါ့ လျှာကို ရှည်ကြတယ် သူတို့ဘာတတ်လုပ်နေတာကြလို့ ကိုယ့်ဟာကို ကြိုက်ချင်တဲ့လူကိုကြိုက်တာ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ မိန်းမချင်းကြိုက်တော့ ဘာဖြစ်လဲ သူတို့အိမ်တက်ပြီး မီးနဲ့ရှို့ နေလို့လား ချီးလိုပဲ ငယ် §ဂရုမစိုက်နဲ့သိလား ညီ့ကို ရအောင်သာယူ ကျန်တာ ကျတော့်တာဝန်ထား နော်"

ငယ်ခေါင်းလေးကို ပုတ်ကာ နှုတ်ခမ်းလေးထော်ရင်း ပြောနေသည့် ကောင်လေးကို ကြည့်ရင်း ရတု ရယ်ချင်စိတ်တွေကို မနည်းထိန်းထားရလေသည်။ညီခေတ်စကားတွေဆုံးမှ ရတု မနေနိုင်စွာ ခွီ ခနဲ့ ခိုးရယ်လိုက်မိသည်။ညီခေတ်ကတော့ မျက်ောင်းကြီး ဒိုင်းခနဲ့ထိုးကာ ငယ့်ကို ပြန်နှစ်သိမ့်နေလေသည်။

ရတု ညီခေတ်ရဲ့ပွင့်ထွက်လာသော အမူအရာတွေကြောင့် သိချင်လွန်း၍ မနေနိုင်စွာ မေးလိုက်မိသည်။

ရင်နင့်အောင် ချစ်ရပါသော...ငယ်(complete)Where stories live. Discover now