အပိုင်း (၁) U & Z

2.3K 79 3
                                    

Unicode

"ဖေဖေ....ဖေဖေ...သားကိုမထားခဲ့ပါနဲ့... သားဖေဖေကို လွမ်းနေတာ "...ဟီး...ဟီး....သားကို မထားခဲ့ပါနဲ့...ဖေဖေ....

ထွက်သွားတဲ့ အဖေကိုကြည့်ပြီး သူ့ကိုပါခေါ်သွားဖို့ ပြောနေရင်း အလန့်တကြား အော်ခေါ်မိတယ်...

"မှူး...မှူး....သတိထားပါအုံး မှူး"

... စစ် တယောက် ကပျာကယာ မှူး ကိုယ်ကို လှုပ်မိ​တော့ ပြန်ငြိမ်ကျသွားပီးမှ ချွေးတေလည်းစိုရွှဲနေပီ ပါးစပ်ကလည်းကယောင်ကယမ်း နားလည်တာနားလည်မနားလည်တာ မနားလည်ဘူး....

ရေသဘက်တင်ပေးရင်း ဘေးမှာစောင့်နေပေးခဲ့တယ်....

ဟူး....!

ဒီကလေးတယောက်နဲ့တော့ခက်ပြီ ကိုယ်က သူ့အနားမှာ ခဏလေးမရှိနေလိုက်နဲ့ လုပ်ချင်တာ လုပ်​တော့တာပဲ....

မနေ့က......

"မှူး မင်း အဲအပင်ပေါ် ဘာတက်လုပ်တာလဲကွာ..."

ညနေ ရုံးဆင်းလို့ အိမ်ကိုရောက်တာနဲ့....

"ကိုကိုကလည်း ဗျာ...ခဏလေးပဲ မေမေခင်က စကားပန်းတွေ လိုတယ်ဆိုလို့ ခူးပေးတာ..."

"ဟုတ်တယ် သားရေ မေက မခူးပါနဲ့ဆို
သားငယ်က သူတက်ရတယ်ဆိုပြီး အတင်းတက်သွားတာ...."

ထိုအခါမှ မေမေကပါ ဝင်ကူပြောနေတော့ ဘာမှမပြောတော့ဘူး စကားပန်းကြိုက်တယ်ဆိုလို့ အိမ်အရှေ့မှာ စိုက်ပေးမိတဲ့ ကိုယ့်ကိုပဲ အပြစ်တင်ပလိုက်တယ်....

"မှူး အခုဆင်းလာတော့...ပြုတ်ကျရင် ခြေတွေလက်တွေ ထိမယ်ကွာ ဆင်းလာတော့..."

"ခဏလေးပဲ ဟိုအပွင့်လေးရရင် ဆင်းလာပီ"...

အောက်က မေမေကလည်း စကားပန်းတွေယူပြီး စောင့်နေတော့ .... ရုံးကပြန်လာတာအမောတောင်မပြေနိုင်သေးဘူး...အိမ်ထဲဝင်ဖို့လုပ်တော့...

"ဘုတ်....အာ....."

"မှူး..."

"သားငယ်...."

မှူးရှေ့ကို စစ်ရော စစ် မေမေပါ ပြိုင်တူရောက်လာပြီး.....

"ဘယ်နားနာသွားပြီလဲကွာ မင်းကို မပြောဘူးလား မတက်ပါနဲ့ဆို.....ပါးစပ်တောင်မချရသေးဘူး အခုပြုတ်ကျပီမလား...."

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now