Unicode
"မင်း အလေ လျိုကျနလေို့ မရဘူးတော့ဘူးနော် နေသူရိန် ငါ့အလုပ်တွေဝင်ကူ...."
"ဟာဗျာ...အဖေကလည်း...ကျွန်တော့်မှာ
သင်တန်းတွေဖွင့်ထားတယ်လေ... ကျွန်တော်ဝါသနာပါတာပဲ လုပ်မှာဗျာ...."မနက်ကတည်းက ဧည့်ခန်းထဲ တယောက် တလှည့် စကားအခြေအတင်ပြောနေတဲ့ သားအဖနှစ်ယောက်ကို ကြားက ကြည့်နေတာက နေသူရိန် မိခင် ဒေါ်မာလာ
"ကိုမောင်ကလည်း ကလေး ဝါသနာ ပါတာ လုပ်ပါစေ..."
"မင်း အဲလိုတွေ ပြောလို့ ဒီကောင် ရောင့်တက်နေတာ...."
"ငါ အလုပ်သွားတော့မယ် မင်း သားကို မင်းကြည့်ထိန်းကွာ ငါ အများကြီး မပြောချင်ဘူး"
"အိမ်ကိုပြောင်းလာဖို့လည်း သတိရဦး အိမ်မှာရှိတဲ့ လူကြီးတွေက အိုနေပြီကွ အခန်းသစ်ထပ်ဝယ်ထားတာလည်း အသိမပေးဘူး "
နေသူရိန် အဖေက သူ့သားကို ဆူသာဆူတာ ချစ်တာမှ လွန်ပါရော...ပြောပြောဆိုဆိုနဲ့ပဲ ဦးမောင်မောင်တယောက် ပြောတာကို နေသူရိန်ကတော့ အသိဝင်မဲ့ပုံမပေါ် အခုလိုပြောတာကိုခံရတာလည်း ခဏခဏပြောတဲ့ စကားဖြစ်နေတော့...
နေသူရိန် မိဘတွေက မြန်မာနိုင်ငံရဲ့ သူဋ္ဌေးTop 10 ယောက်ထဲ တစ်ယောက်ဆိုတော့ တစ်ဦးတည်းသော သားလည်း ဖြစ် အပျိုတိုင်းကြိုက်တဲ့နှင်းဆီကိုင်ဆိုပေမဲ့ သူငယ်ငယ်လေးကတည်းက ချစ်ရတဲ့သူတစ်ဦးတည်းရှိပါတယ်ဘွဲ့ရပြီးကတည်းက အိမ်နဲ့ခွဲနေပြီး သင်တန်းတွေအများကြီး ဖွင့်နိုင်တယ် ဘွဲ့တွေအများကြီးလည်း ယူထားတဲ့သူ အခန်းသစ်ကို အမြဲတမ်းပြောင်းလေ့ ရှိတတ်ပေမဲ့ အိမ်ကိုတော့ အသိမပေးဘူး သူ အခုလိုကြိုးစားခဲ့တာလည်း သူချစ်ရတဲ့သူကို ပိုင်ဆိုင်ဖို့အတွက် အေးအေးချမ်းချမ်းနေရတာကို သဘောကျခဲ့လို့ မိဘက ဆောက်လုပ်ရေးကုမ္ပဏီပိုင်တာကိုတောင်
လှည့်မကြည့်ခဲ့....
(နဲနဲလေး ရှည်သွားတယ် သူ့အကြောင်း မသိမှာစိုးလို့ပါ)"သားကလည်းကွယ် မင်း အဖေပြောတာလည်း ဟုတ်နေတာပဲ...."
"မေမေကလည်း သားအကြောင်း သိရဲ့သားနဲ့...
အိမ်တော့ ခဏခဏလာလည်ပေါ့အဲဆိုလည်းနော်..."
"ဟုတ်...မေမေ...အဲဆို..သားသွားပြီနော်...လုပ်စရာတွေရှိသေးလို့..."
"ဟုတ်ပါပြီကွယ်...."
"တာ့တာ့...မေမေ..."
"အေးအေး....."
YOU ARE READING
𝒀𝒐𝒖 𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛
RomanceYouAreTheOne ..... မင်းက ကိုယ့်ရဲ့ ထာဝရ တစ်ဦးတည်းသော ချစ်ရသူပါ 💛 စစ် နှစ်တွေအများကြီးကြာတဲ့အထိ ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နေမယ်ဆိုတာ ယုံကြည်တယ် 💛 မှူး စစ်ငြိမ်းပိုင် & လရောင်မှူး (Myanmar Bl Fic) YouAreTheOne ..... မင်းက ကိုယ့်ရဲ့ ထာဝရ တစ်ဦးတ...