အပိုင်း (၆) Z & U

585 38 4
                                    

Unicode

မှူးမေမေ အသုဘချဖို့ အကုန်ပြင်ဆင်ပြီးလို့ ရက်လည်ဖို့လုပ်နေကြပြီ

မှူးကတော့...လှုပ်လည်းမလှုပ်ဘူး..ဒီအတိုင်းငြိမ်ပြီးထိုင်နေတယ်

ဘေးနားမှာလည်း ဝိုင်းပြီးနှစ်သိမ့်ပေးနေတဲ့ကျောင်းက မိန်းကလေးသူငယ်ချင်းအုပ်စုလည်းရှိနေတော့ စစ် မှူးအနားမသွားဖြစ်ခဲ့....

မှူး နဲ့ ခပ်လှမ်းလှမ်းမှာ စစ် ငေးကြည့်နေခဲ့တယ်...

မင်းပျော်ဖို့အတွက်ဆို ကိုယ် ဘာဘဲ လုပ်ပေးရ လုပ်ပေးရ လုပ်ပေးမယ်လို့ ကတိပေးတယ် မှူး....

"သား..."

"ဗျာ...မေမေ..."

"အခု မေမေကို ရှေ့နေတယောက်က ဖုန်းဆက်တယ်....မှူးတို့အိမ်က မကြာခင်အပေါင်ဆုံးတော့မှာတဲ့...မမြတ်...အိမ်ကိုပေါင်ထားတာ....."

"ဗျာ...."

"မမြတ်မှာ...ရောဂါရှိနေတာ...မေမေတို့မသိခဲ့ဘူး..သားရယ်...အီး..ဟီး....အခုသူ့ဆိုင်ရောအိမ်ပါ..ပေါင်ခဲ့တာ...အတိုးရောအရင်းရော...နဲ့ဆို..ပေါင်ဆုံးပြီတဲ့...ပြန်ထုတ်မယ်ဆိုရင်တောင်...မထုတ်ခိုင်းဘူးတဲ့...."

စစ်..ဘာမှမပြောနိုင်ဘဲ..ဆွံ့အနေခဲ့မိတယ်...

ကိုယ့်အမေဆုံးသွားတာတောင်မကြာသေး ကိုယ့်ရဲ့အမှတ်တရတွေသိမ်းထားခဲ့တဲ့ အိမ်ကိုတောင် သူများလက်ထဲကို ထည့်ပေးရတော့မှာတဲ့လား...

ဘယ်လိုတောင် ကျီစယ်လိုက်တာလဲ...ကံကြမ္မာရယ်...ဒီကလေးကိုမှ....

"မှူး...ကရော...မေမေ....သူသိလား.."

"သိမယ်..မထင်ဘူး...သား..."

"နောက်မှ...မေမေတို့ပြောပြကြမယ်လေ့...သူစိတ်မကောင်း ထပ်ဖြစ်နေမှာစိုးလို့...
အခုတော့....မေမေတို့ခေါ်ထားကြမယ်...."

"ကလေးလေး...သနားလိုက်တာ...."

"မေမေ..."

"အင်း..ပြောလေ့..သား...."

"ကျွန်တော်...မနှစ်ကဝယ်ထားတဲ့တိုက်ခန်းကိုသိတယ်မလား....အဲမှာ...ကျွန်တော်...မှူးနဲ့အတူတူသွားနေချင်လို့.....
ကျွန်တော်သူ့ကိုပျော်စေချင်တယ်..မေမေ...."

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now