အပိုင်း (၂၅) U & Z

1.2K 40 3
                                    


Unicode

လရောင်မှူးကို လိုက်ပို့ပြီး အခန်းကိုပြန်လာတော့....ကားကို ကားပါကင်မှာ သွားထိုးလိုက်ပြီး အခန်းပြန်လာတော့ အခန်းရှေ့မှာ တယောက်ယောက်ထိုင်ပြီး ဖုန်းနှိပ်နေတာတွေ့တော့....

"ဘယ်သူလဲ...."
ဖုန်းကြည့်နေတဲ့လူက သူရိန်ကို ပြန်ကြည့်လိုက်ပြီး.....
"ကျွန်တော် ထက်အောင်ရှိုင်းပါ...
အခုမှပြန်လာတာလား...ကျွန်တော်ထိုင်စောင့်နေတာကြာပြီ...."
"အာ....ထက်အောင်ရှိုင်းလား...ဘာလာလုပ်တာလဲ..."

ထိုအခါမှ သူရိန် တံခါးဖွင့်ရင်း စကားပြောလိုက်တယ်...

"ဦးက ခရီးသွားမယ်ဆိုတာ ကျွန်တော်လည်းမပြောဘူး..."
"ဘာလို့ မင်းကိုပြောရမှာလဲ ငါ့ဘာသာငါသွားတာ..ဦးလို့ ခဏခဏခခေါ်နဲ့လို့ပြောထားတယ်လေကွာ.... .. အခုက ဘာကိစ္စလဲ ​ပြောပြီးရင် ပြန်တော့..."
"ကိုယ့်အိမ်လာတဲ့ဧည့်သည်ကို အဲလိုကြိုဆိုရသလား ဦးကလည်း... "
"အထဲကိုဝင်ပါရစေအုံး... ကျွန်တော်ကြိုက်လို့ ခေါ်တာလေ ဘာဖြစ်လဲ ဦးက"
"ငါ မင်းကို ဧည့်ခံဖို့မအားဘူး ခရီးက အခုမှရောက်တာ..ငါပင်ပန်းနေတယ်...ပြောစရာမရှိရင် ပြန်တော့ကွာ..."
"နေပါအုံးး...ဦးကလည်း..."

သွား​တော့လို့ ဇွတ်နှင်နေတဲ့ သူရိန်ကြည့်ပြီး...ထက်အောင်ရှိုင်း ခေါင်းကိုက်သွားတာအမှန်....

"ငါ အေးဆေးနေပါရစေကွာ မနှောက်ယှက်နဲ့..."
"ဘယ်သူက နှောက်ယှက်နေလို့လဲ ကျွန်တော် ဒီကိုလာတာ ပြောစရာလည်း နည်းနည်းရှိလို့ နောက်ပြီး...ဒါနဲ့ ဦး
ဗိုက်ဆာနေပြီမလား ခေါက်ဆွဲ ပြုတ်စားရအောင် ရေသွားချိုးလေ ပြီးရင် ဆင်းလာခဲ့...ဟီး..ဟီး... "
ချိုသွေးပြနေတဲ့ မျက်နှာနဲ့ လူကိုလာဖြီးပြနေပြီး မီးဖိုအခန်းထဲကို ပြေးဝင်သွားတယ်...သူ့အိမ်ကျနေတာပဲ....
သူရိန်လည်း မနိုင်တဲ့ပုံနဲ့ သက်ပြင်းချပြီး ကိုယ့်အခန်းထဲကိုပြန်လာရတယ်...
"ထက်အောင်ရှိုင်းအိမ်နဲ့ အိမ်ကလူတွေနဲ့အရမ်းရင်းနှီးတော့ အိမ်ကိုလာရင်း မိတ်ဆက်ပေးတုန်းက သိမ်သိမ်မွေ့မွေ့ပုံစံလေးပါ ဒီကောင်လေး မိတဆိုးလေးမို့ ဆိုးနေတာတဲ့ သူ့အဖေပြောတာတော့ အခုက ထိန်းလို့ကိုမရတဲ့ပုံ အရင်ရက်တွေတုန်းကကိုယ့် သင်တန်းခဏခဏလာတုန်းက မလာနဲ့ပြောရင် အန်ကယ်နဲ့တိုင်မယ်လို့ပြောတော့ စကားတွေပြောရဦးမယ် လာလို့ ပြောတော့ နေ့တိုင်းတမျိုးပြီးတမျိုးလာလာနောက်တယ် "အသက်ချင်းက သိပ်မကွာတာကို ဦး ဦးနဲ့ ကွာ အဲလောက်ထိငါ့အသက်ကကြီးနေလို့လား "
ကျန်တဲ့နေ့တွေက အဆင်ပြေပေမဲ့ ဒီနေ့က ခရီးကလည်းပြန်လာတော့ တော်တော်စိတ်ဆင်းရဲတယ်ကွာ.... စိတ်ရှုပ်ရှုပ်နဲ့ ရေဝင်ချိုးပစ်လိုက်တယ်....

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now