အပိုင်း (၄) U & Z

707 42 1
                                    

Unicode

ညနေစာ ထမင်း ဝိုင်းမှာ လူစုံနေပြီ .....

မှူးတို့ သားအမိနဲ့ စစ် တို့ မိသားစု အမြဲတစ်လတခါလောက် အခုလို နှစ်အိမ် ညစာစားဖြစ်တယ်....ထမင်းစားနေအချိန်မှာတော့ ဘယ်သူမှ စကားပြောလေ့မရှိ.....ထမင်းစားပြီးတော့...မှူးက ဒေါ်ခင်မမနဲ့ ဒေါ်မြတ်သန္တာ အနားမှာ....
ထမင်းဝိုင်းသိမ်းကူနေတယ်...လုပ်စရာရှိတာတွေအကုန် လုပ်ပြီးတော့....

အိမ်အရှေ့အခန်းကို ထွက်လာလိုက်တယ်....

TV လိုင်းက လာနေတဲ့ ဇာတ်လမ်းတွဲ ဖွင့်ထားတော့ ..... မှူး က စစ်ဘေးမှာ ဝင်ထိုင်ရင်း....

"သားငယ်.... စာတွေလိုက်နိုင်ရဲ့လားကွယ်...."

စစ် ဖေဖေ က စကားစပြောလိုက်တယ်...

"ဟုတ်.... လိုက်နိုင်ပါတယ် ဖေကျော်...."

စားစရာတွေနဲ့အချိုတည်းဖို့ မေခင်နဲ့မေမေတို့ ယူလာပြီး ဝင်ထိုင်လိုက်တယ်...

"ကျွန်တော် အိမ်စာတွေ လုပ်စရာရှိသေးတယ်...အိမ်ကို ပြန်လိုက်အုံးမယ်.... ဗျာ..."

"ကိုကို..ပါ လိုက်ခဲ့မယ်... ခဏလေး..."

စစ် အပေါ်ထပ်ကို တက်ပြေးသွားပြီး အပြင်ခံအကျီတစ်ထည်ယူလာတယ်....ပြီးမှ မှူး ကိုယ်ပေါ်မှာ ခြုံပေးလိုက်ပြီး.....

"သတ္တိတွေ ကောင်းပြီး အကျီလက်ပြက် ဝတ်ပြီးလာတယ်ပေါ့ အပြင်မှာ အေးတယ်.... ဝတ်ထား..."

"ဟုတ်....ဟီး..ဟီး...."

ရယ်ပြပါပြီ အဲဒီ မရယ်ခင်ကတောင် ထွက်နေတဲ့ ပါးချိုင့်ကလေး....အဲလိုတွေပြုံးတိုင်း ခံနိုင်ရည်တောင် မရှိဘူး...

"သား စာလိုက်ကြည့်ပေးအုံးမယ်...ဖေဖေနဲ့ မေမေ အန်တီ...."

"အေးအေး အန်တီ နောက်မှ လိုက်လာခဲ့မယ်ကွယ်...."

"ဟုတ်ကဲ့....."

ခြံ အချင်းက ကပ်နေတော့ ဒီတိုင်း လမ်းလျှောက်လာခဲ့တယ်.....

အိမ်ကို ရောက်တော့.....တံခါးတွေ ပိတ်ပြီး အခန်းထဲကို ဝင်လိုက်တော့....

"ကဲ့...ဒီနေ့ ဘာတွေ ပေးလိုက်လဲ ကိုကို့ ကို ပြ...."

"ဒီနေ့ အများကြီးပဲ ကိုကို .... သင်လိုက်တာရော အိမ်စာတွေရော...."

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now