အပိုင်း (၁၀) U & Z

574 46 0
                                    

Unicode

အိမ်ခေါင်မိုးက အပေါက်သေးသေးလေးတွေကနေ နေရောင်ဝင်လာတဲ့အခါမှ...မှူး...နိုးလာ​တော့...သူ့မျက်လုံးကိုလက်နဲ့ပွတ်ပြီး...ထထိုင်လိုက်တော့..ဘေးမှာလည်းတယောက်မှရှိမနေ..စောင်တွေတောင်ခေါက်ပြီးလို့...

"ကိုကို....နိုးသွားပြီလားမသိဘူး...ငါ့ကိုတောင်နှိုးမသွားဘူး...."

အိမ်ပေါ်တက်သွားတယ်ပြောလို့ ညက သေချာမကြည့်မိလိုက်တာ....
အိမ်ဝန်းကအကျယ်ကြီး....တစ်ချို့အခန်းတွေမှာ...ကွမ်းသီးခြောက်တွေ သိုလှောင်ထားတာတွေ့ရတယ်...တောသူဋ္ဌေးများလား....
အိမ်ပေါ်မှာ မနေဘူးဆိုတာ သိသာတယ်...ကြမ်းပြင်တို့များ ပြောင်လက်နေတာပဲ....ပတ်ပတ်လည်လည်လိုက်ကြည့်ရင်း...

နာရီကြည့်လိုက်တော့...၈နာရီတောင်ခွဲနေပြီ...

"ဟမ်...၈နာရီတောင်ခွဲပြီလား..."

အိမ်အောက်ကို...အမြန်ပြေးဆင်းသွားတော့...

"ကိုကို......"

တစ်ယောက်မှမတွေ့လို့...အော်ခေါ်မိတော့...

"ဒီမှာ...မှူး...."

သံလာရာကိုကြည့်လိုက်တော့...ကျွန်တော်ဆီကို..ပြေးလာနေတယ်...

အခုမှကြည့်မိတယ်...ခြံဝန်းကလည်းကျယ်လို့...အိမ်ရှေ့မှာလည်း..သစ်ပင်တွေစိုက်ထားပြီး...စိမ်းစိုနေရော..နေရောင်ခြည်ကဖျာထွက်နေတော့...

"ဟော...ပူလိုက်တာ...မှူး..နိုးပြီလား..."

"အင်း..ကိုကိုချွေးတွေနဲ့..ဘယ်လိုဖြစ်တာလဲ..စစ်ကို....ချွေးသုတ်ပေးရင်း...ပြောနေတော့..."

"ကလေး..ချွေးသုတ်ပေးတာခံချင်လို့....နေပူထဲ အလုပ်လုပ်နေတာ..."

"ဟမ်....စောစောစီးစီးနော်..."

မျက်စောင်းလေးထိုးမိတော့...

"မစောတော့ဘူးကောင်လေး....နေတောင်တော်တော်မြင့်နေပြီ...."

"အိမ်ပေါ်ကနေ...ကျွန်တော်နာရီကြည့်​တော့..၈နာရီခွဲပါ..."

"အိမ်ပေါ်က..နာရီက..ပျက်နေတာ...
ဟိုမှာကြည့်...ဘယ်နှနာရီလဲလို့..."

ကိုယ်ကိုလှည့်ပြီး...ကြည့်ခိုင်းလိုက်တော့...

ဟမ်....!!!

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now