အပိုင်း (၁၉) U&Z

632 25 3
                                    

Unicode

ကုန်ခဲ့တဲ့ တစ်ပတ်လုံး မှူး ကိုအချိန်မပေးနိုင်တဲ့အပြင် အိမ်မှာပဲ နေခိုင်းထားရတယ်.... ညဘက်ဆိုလည်း နောက်ကျမှ အလုပ်ကပြန်လာရတာနဲ့ သူကအိပ်တောင်အိပ်နှင့်နေတဲ့အချိန်က များတယ် မနက်ဆို အစောကြီးသွားရတယ်...ညစာဆိုလည်း ကိုယ်ဘယ်လောက်နောက်ကျနောက်ကျ ကိုယ်က ပြန်လာမှ သူစားတာ...တခါတလေ အရင်စားနှင့်ပြောလည်း
ကိုယ်မရှိပဲ မစားချင်လို့တဲ့ ကိုယ်က အားနာတဲ့အကြည့်နဲ့ကြည့်တာကိုမှ... အလုပ်ကြိုးစားတော့ ပိုကောင်းတာပေါ့.... မှူး..နားလည်ပါတယ်တဲ့....ကလေး ဖြစ်ပြီး နားလည်ပေးလိုက်တာ....

ဒီနေ့တော့...အလုပ်ပိတ်ရက်ဆို​တော့..အမေတို့ဆီကို သွားမယ်ဆိုပြီး..ပြောထားတော့...ကလေးငယ်က..မနက်အစောကြီးထပြီး...စိတ်တက်ကြွနေတယ်....ဒီနေ့တော့...က​လေးငယ်
ကို...တနေ့လုံးအချိန်ပေးရမယ်...

မနက်စာစားရင်း....

"မှူး....."
"ပြောလေ...ကိုကို..."
"အိမ်မှာ အဖေကလည်း မရှိတော့..ဒီနေ့ အမေတို့အိမ်မှာပဲ အိပ်မယ်နော်...."
"တကယ်လား...."
"အင်း...ပြောထားမယ်နော်...ကိုယ့်အခန်းမှာပဲအိပ်ရမယ်...."
"ဟား...ဟား...ဟုတ်..ကိုကိုအခန်းမှာပဲ..အိပ်မှာပေါ့...."

ဒီလိုပဲ မနက်စာစားပြီး...စစ်..တို့အိမ်ကိုလာခဲ့တယ်.....စစ်...ကားမောင်းနေရင်းနဲ့...မက်ဆေ့တစောင်ဝင်လာခဲ့တယ်....
ဖွင့်တော့ မဖွင့်ဖြစ်ခဲ့....

အိမ်ရောက်တော့...ကားကို...ဆင်ဝင်အောက်မှာ...ရပ်ပြီး...မှူးက​တော့..အရင်ဝေးပြေးနှင့်ပြီ....

"မေခင်ရေ......."
"ဟေး...."

စစ် မိခင် ဧည့်ခန်းကို ဆင်းလာတော့..မှူးပြေးဖက်ပါရော...

"လွမ်းနေတာ...မေခင်ရာ..."
"ဟုတ်ပါပြီ...ဒီနေ့လာမယ်ဆိုလို့...မေခင်က စောင့်နေတာ..မှူးကြိုက်တဲ့ .အုန်းနို့ခေါက်ဆွဲ..တွေချက်ထားတယ်..."
"ဟုတ်လား.....ဟီး..ဟီး..စားရတော့မယ်...တကယ် လွမ်းနေတာ..မေခင်ရဲ့လက်ရာလေးကို...."

တကယ့်ကလေးကြီးပါ...စားစရာမြင်တော့ ပြုံးဖြီးလို့...

စစ် အိမ်ထဲဝင်လာရင်း....

"မေမေ..."
"အေး...သား..."
"သတိရနေတာ...မေမေ.."
"ဟုတ်ပါပြီကွယ်..."

စစ်က..သူ့အမေဖက်ရင်း....

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now