အပိုင်း (၂) U & Z

955 55 1
                                    

Unicode

မျက်လုံးနှစ်လုံး ဖွင့်ကြည့်ပြီး ဘေးဘီဝေ့ဝိုက်ကြည့်လိုက်တော့ ဘယ်သူမှရှိမနေ ခေါင်းကလည်း ကိုက်တာကိုက်တာ လွန်ရော....မှူး ကိုယ့်ကိုအားယူပြီး ထထိုင်လိုက်တယ်.....

"သား မှူး နိုးပြီလား......"

အခန်းထဲကို စားစရာတွေ ကိုင်လာသူက အမေ အရင်ကဆို ကိုကိုလာနေကြ...... ဘယ်ရောက်နေလဲမသိဘူး....

"နိုးရင် ဆန်ပြုတ်လေးသောက်ပြီး ဆေးသောက်ရအောင်နော်...သား"

"မေမေ..."
"ပြောလေ သား ... ဘာဖြစ်လို့လဲ ခေါင်းကိုက်နေသေးလား...."
"အင်း... ခေါင်းနဲနဲကိုက်နေသေးတယ်...ကိုကိုကရောဟင်...."
"သားကိုကို က ခရီးသွားစရာလေးရှိလို့တဲ့ မေမေ ပြောသွားတယ်...သူမနက်လေးနာရီလောက်မှ ထပြန်သွားတာ သား"
"ဗျာ....ကျွန်တော်လည်း ဘာမှမပြောဘူးး..."
"သားက နေမှမကောင်းတာ နောက်ပြီး ကျူရှင်ဆရာမလည်း မေမေ ဖုန်းလှမ်းဆက်ထားပြီးပြီသား... "
"မေမေက ဒီနေ့ ဆိုင်မသွားဘူးလား.....
သားနေမကောင်း​တော့ ဆိုင်က ကောင်မလေးတွေပဲ ကြည့်ခိုင်းထား​တော့တယ်ကွယ်....
လာလာ သား ဆန်ပြုတ်သောက်ရအောင်..."

တလုတ်နှစ်လုတ် လောက် သောက်ပြီးတော့....
ဝပြီ မေမေ.....

"ခဏနေ ဆေးသောက်လိုက်နော် သား... မေမေ အောက်ထပ်မှာ ရှိနေမယ်ကြားလား...."

"ဟုတ်...."

ဆိုပြီး အိပ်ယာပေါ်ကို ပြန်အိပ်ချခိုင်းလိုက်ပြီး စောင်သေချာခြုံပေးပြီး အပြင်ထွက်လာလိုက်တယ်......

💛💛💛💛

"ပထမဆုံး သူမပါဘဲ တစ်ယောက်တည်း ခရီးကို သွားရတာ ဒါ ပထမဆုံးပါ.....
ခါတိုင်းဆို သူကျောင်းပိတ်ရက်ကိုမှအလုပ်ကိုရွှေ့ပြီး.... ကိစ္စရှိရင် သွားနေကြဆိုတော့ ....
ဒီတခါ ရွှေ့လို့မရတော့ ကလေးက နေမကောင်းတော့ ခေါ်လာမဖြစ်ခဲ့ .......
ပြောမလို့ကို အိပ်ပျော်နေတော့ ဘယ်လောက်စိတ်ကောက်နေမလဲ သိတာပေါ့.....
ပြန်လာမှပေါင်းချော့တော့မယ် .....
ဆိုပြီး ဟိုဟိုဒီဒီတွေးရင် ကားမောင်းလာတာ ရန်ကုန်တောင်ရောက်နေပြီ .....

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now