အပိုင်း (၂၀) U & Z

543 26 3
                                    

Unicode

အချိန်တွေ ကြာသွားခဲ့တာတောင် ....မင်းကို ချစ်တဲ့....
ကိုယ့်အချစ်တွေက အစိုင်အခဲတစ်ခုလိုပဲ ပျောက်ပျက်မသွားခဲ့ဘူး......

နေသူရိန် ဆေးရုံထဲကို ဝင်ပြေးလာတော့  အခန်းရှေ့မှာ ထိုင်စောင့်နေတဲ့ အန်တီကို မြင်လိုက်တယ်....

"အန်တီ...လေရာင်..ဘယ်လိုနေသေးလဲဗျာ..."
"မင်းက...ဘယ်သူလဲ.."
"ကျွန်တော်..လရောင်...သူငယ်ချင်းပါ..."
"ဆရာဝန်တွေဝင်သွားတာ...အခုထိ ထွက်မလာသေးဘူး...အန်တီလည်း စိတ်ပူနေတာ.... "

နေသူရိန်ရော...စစ်ငြိမ်းပိုင်..အမေပါ...မှူးအခန်းရှေ့မှာ...ထိုင်စောင့်နေခဲ့တယ်....

တကယ်တော့...မှူးနောက်ကို...သူရိန်က မသိမသာလေး လိုက်လာတာ....
မှူး...အိမ်ထဲဝင်သွားတဲ့အထိ ခဏလေး စောင့်နေသေးတော့....ကားတစ်စီးထွက်လာတာမြင်တော့...အနောက်ကပါလိုက်သွားရင်း...ဆေးရုံဖြစ်နေတော့...ချက်ချင်းကားပေါ်က ဆင်းပြေးလိုက်လာတယ်..မှူးကို...တွေ့ကတည်းက မျက်နှာဖြူဖက်ဖြူရော်ဖြစ်နေတာကို သတိထားမိလို့....

အနီးအနားမှာ စောင့်ရှောက်ခွင့်မရရင်တောင် အဝေးကနေပဲ စောင့်ရှောက်နေမှာပါ....

ဒေါ်ခင်မမက သူ့သားကိုပဲ ဖုန်းဆက်နေလည်း လူကြီးမင်းနဲ့သာတိုးနေတော့ လက်လျော့လိုက်ရတယ်...

ဆရာဝန်ထွက်လာတာ မြင်တော့...နှစ်ယောက်လုံး ဆရာအနားပြေးသွားပြီး....

"အခြေအနေ ဘယ်လိုရှိလဲ ရှင် ဆရာ..."
"လူနာက အစာအိမ်ရောင်ချင်နေတာ..အားကလည်းနည်းနေလို့...ဖြစ်သွားတာပါ...သက်သာနေပါပြီ...ကျွန်တော် အဆင်ပြေအောင် လုပ်ပေးထားပါတယ်...ခဏနေ နိုးလာမှာပါဗျာ...အခုတော့..လူနာအခန်းထဲကို
မဝင်ကြပါနဲ့အုံးနော်..."
"ဟုတ်ကဲ့...ကျေးဇူးပါ...ဆရာ.."
"သား...မှူးလေး..ခဏကြည့်ပေးထားနော်...အန်တီ ဆရာနောက်လိုက်သွားဦးမယ်..."
"ဟုတ် အန်တီ...."

အန်တီ ထွက်သွားပြီးတော့....

မှူး အခန်းကို ချောင်းကြည့်လိုက်တော့...

ကုတင်ပေါ်မှာ လှဲလျောင်းနေတဲ့ မျက်နှာဖြူဖြူလေးနဲ့ လက်မှာလည်း ဆေးပုလင်းက ချိတ်ထားသေး....အပ်တွေနဲ့ လက်နဲ့ကို မလိုက်ဘူး...

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now