Unicode
"စောနားက ဘယ်သူလဲ မှူး..."
စစ်က...တံခါးပိတ်ရင်း...လှမ်းမေးတော့....."စုတို့သူငယ်ချင်းတဲ့...ကိုကို...ကျွန်တော်လည်းသေချာတော့..မသိဘူး...နေသူရိန်တဲ့နာမည်က..."
"အင်း....လာအိမ်ထဲဝင်ရအောင် အဖွားကစောင့်နေတာ..." သေချာတော့မမေးမိခဲ့...
ပုခုံးဖက်ရင်း...အိမ်ထဲဝင်လိုက်တယ်...
"မြေးလေး...ပြန်လာပြီလား...ဒီမှာ...စားစရာတွေ..."
ဧည့်ခန်းထဲမှာ ထိုင်ပြီး....
"မြေးလေးတို့ အဖွားမပြန်ခင် ဒီမှာပဲ နေကြကွယ်...."
စစ်နဲ့မှူး...က...တယောက်မျက်နှာတယောက်ကြည့်ပြီး....
"မြေးလေးမှူးက...အဖွားနဲ့လာအိပ်...စစ်က...ကိုယ့်အခန်းထဲမှာကိုယ်အိပ်...."
"အဖွား...မရဘူးနော်....အခန်းပဲပြန်မှရမှာ...."မှူး...က...စစ်ကို..တံတောင်နဲ့ထောက်လိုက်ပြီး...ဘယ်လိုဖြစ်နေတာလဲ...လူကြီးကိုအားနာစရာကြီး....ဆိုပြီး...တိုးတိုးလှမ်းပြောရင်း....
"ရပါတယ်...အဖွား...ဒီမှာပဲအိပ်မှာပေါ့...ဟီး..ဟီး...ဟုတ်တယ်မလား...ကိုကို..
စစ်ကို..သတိပေးရင်း...""ဟမ်....ဒါပေါ့...ဒီမှာပဲ...အိပ်တာပေါ့...မကြည်တကြည်ပြုံးရင်း....အရှေ့မှာချထားတဲ့...မုန့်ကိုတကိုက်လောက်အားပါပါဝါးချလိုက်တယ်..."
"ကျွန်တော်ရေချိုးဦးမယ်...အဖွား..."
"ဟုတ်ပြီ....မြေးလေး..."
မှူး...တက်သွားတဲ့နောက်ကို...စစ်ကပါ..တက်လိုက်ဖို့လုပ်တော့...."စစ်...ဒီကိုခဏလာဦး...."
အပေါ်တက်ဖို့လုပ်နေတဲ့...စစ်ခြေလှမ်းတို့က...မခြေမငံနဲ့ဘဲ...အောက်ထပ်ပြန်ဆင်းလာလိုက်ရတယ်...တစ်နေ့လုံးမတွေ့ရလို့....အချိန်ခဏရတုန်းလေး..အလွမ်းသယ်မလို့ပါဆိုမှ....အဖွားကတမျိုး....သတိရလို့ အမေနဲ့အတူလိုက်လာခဲ့ပါလို့ ခေါ်ခိုင်းလိုက်တဲ့ ကိုယ့်အမှား.....
"အဖွား...ဘာခိုင်းမလို့လဲဗျာ...."
"မင်းကရော...အပေါ်ကိုဘာတက်လုပ်မှာလဲ....
အခန်းထဲမှာ...မင်းအမေတယောက်တည်းသွားကူလိုက်...."
"ဟုတ်ကဲ့...အဖွား...."
"အမေ...သားဘာကူလုပ်ပေးရမလဲ....."
"အေး...သားလေး...လာလာ..ဒီမှာ...ထမင်းဝိုင်းပြင်မလို့လုပ်နေတာ...လာကူလှည့်....."
YOU ARE READING
𝒀𝒐𝒖 𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛
RomanceYouAreTheOne ..... မင်းက ကိုယ့်ရဲ့ ထာဝရ တစ်ဦးတည်းသော ချစ်ရသူပါ 💛 စစ် နှစ်တွေအများကြီးကြာတဲ့အထိ ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နေမယ်ဆိုတာ ယုံကြည်တယ် 💛 မှူး စစ်ငြိမ်းပိုင် & လရောင်မှူး (Myanmar Bl Fic) YouAreTheOne ..... မင်းက ကိုယ့်ရဲ့ ထာဝရ တစ်ဦးတ...