အပိုင်း (၁၁) U & Z

567 34 0
                                    

Unicode

ကျွန်တော် ဘယ်လောက်တောင် ကံကောင်းလိုက်လဲ လောကမှာ ကိုယ်သဘောကျတဲ့သူကို ချစ်ခွင့်ရလို့လေ......

အခုဆိုရင် ဒီကိုရောက်နေတာ သုံးရက်မြောက်နေ့ဖြစ်ပြီ...ဒီနေ့တော့ အပြင်သွားဖို့ ...မှူး..ကို ကြိုတင်သတိပေးထားရတယ်...အဲလိုမဟုတ်ရင်..အရင်နေ့ကလိုမျိုး ဟိုလူလာခေါ်လိုက်နဲ့ဒီလူလာခေါ်လိုက်နဲ့.... လိုက်သွားရတာ.... မလိုက်နဲ့လို့..ပြောရင်...စိတ်ကောက်အုံးမှာ...ဒီကလေးနဲ့တော့လေ့.....

"မှူး...ဆင်းလာတော့လေ့..."

စောင့်နေရတာကြာပြီ...ကိုယ်တော်ချောကအခုထိပေါ်မလာသေးတော့ ခေါ်ရပေသည်....

"ဆင်းလာဒူဝဲ့န...အော်နေန..."
(ဆင်းလာလိမ့်မယ်..အော်မနေနဲ့)

ကြားထဲ အဖွားကတစ်မျိုး ထားဝယ်စကားကိုသိပ်နားမလည်ဘူးဆိုမှ....

သိပ်မကြာလိုက်ပါဘူး...ဆင်းလာပါပြီ...ကိုယ့်ရဲ့အရှင်သခင်လေး....

ဝိုး...!!

စစ် ...သူ့ဟာသူအံ့သြသွားတာအမှန်
အကျီလက်ရှည်အဖြူလေးကိုခေါက်တင်ပြီး...အထဲကဝတ်ထားတဲ့အကျီကအဖြူရောင်လေးပါပဲ...ဒူးအထိ ဘောင်းဘီအတိုနဲ့....
မျက်တောင်ခတ်ရမှာကိုတောင်...မေ့လုမတတ်....မှူး....ရယ်.... ချစ်စရာကောင်းသလားမမေးပါနဲ့...

(မျက်လုံးထဲ မြင်ပြီး ကိုက်စားချင်စရာလေး🤧)

"သွားရအောင်လေ....ကို"

"ဟမ်....အင်းအင်း..သွားရအောင်..."

"အဖွား..သွားပြီဗျာ...."

လှမ်းနှုတ်ဆက်ရင်း...ကိုကိုက...လက်ကိုလာဆွဲတော့...

"ငါ့မြေးတွေကို...မုန့်ဖိုးပေးအုံးမယ်...ရော့...ယူလိုက်နော်..လိုတာရှိရင်ဝယ်ပေါ့...."

"ရပါတယ်...အဖွား...သားတို့ဆီမှာရှိတယ်...."

အတင်းပြောနေလည်း...လက်ထဲ..လာထိုးအပ်နေတော့...အားနာနာနဲ့ပဲယူလိုက်ရတယ်...

"ကောင်းကောင်းသွားကြနော်...."

"ဟုတ်ကဲ့...သွားပြီ..အဖွားရေ...."

မှူး..လက်ကလေးကို..ဆွဲပြီး..စျေးဆီသို့....

စျေးရောက်တော့..

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now