အပိုင်း (၁၇) U & Z

616 27 0
                                    

Unicode

ထမင်းစားပြီးတော့....

မှူး...က...ကမ်းခြေမှာလမ်းလျှောက်ချင်တယ်ဆိုလို့....

သူ့လက်ကိုတွဲပြီး...ကမ်းခြေတလျှောက်လမ်းလျှောက်ရင်း....နေဝင်သွားပြီဆိုတော့...
ပုဇွန်ဆီအရောင်သန်းနေတော့..အလင်းရောင်လေးနဲနဲကျန်နေသေးတော့......

"မှူး...."
"ဗျာ..."
"ပျော်တယ်မလား....ဒီနေရာလေးသဘောကျတယ်မလား..."
"အင်း...သဘောကျတာပေါ့...နေရာလေးက...အရမ်းလှတယ်နော်...."
"ဒီနားခဏထိုင်ရအောင်...မှူး...."

ကမ်းခြေအဝက်လောက်လမ်းလျှောက်လာပြီး...ခုံတန်းလေးတွေ့တော့..

မှူးကို စစ် ပုခုံးပေါ်မှာ မှီစေပြီး ရင်ခွင်ထဲကို ထည့်ထားပြီး....နှစ်ယောက်လုံး ကမ်းခြေကို မျက်နှာမူပြီး ထိုင်နေလျက်....

"မှူး...."
"ဗျာ...."
"ဒီကနေပြန်ရင်...သင်တန်းတွေတက်ရတော့မယ်နော်...ကြားလား..."
"ဘာအတွက်လဲ...ကိုကို..."
"ဒီအတိုင်း နေလို့မရဘူးလေ...ကလေး...ကိုယ့်ကလေးကတော်တယ်ဆိုတော့..စာတွေ ဆက်သင်ရဦးမှာ....နော်..."
"မတက်လို့မရဘူးလား...."
"မှူးက...မတက်ချင်လို့လား..."
.စစ်..မှူး..ဆံပင်လေးတွေကို..ခပ်ဖွဖွသပ်ပေးရင်း..မေးလိုက်တော့..
" မတက်ချင်လို့မဟုတ်ပါဘူး...ပိုက်ဆံတွေကုန်မှာစိုးလို့ပါ..."

ဖြေတတ်လိုက်တာကောင်လေး...အပြောလေးတွေနဲ့ပဲ..ကိုယ့်ကိုချုပ်နေလိုက်...

"မကုန်ပါဘူး...ကလေးကလည်း...ကိုယ်ရှာနေတာက...ကလေးအတွက်ပဲလေ...."
"တကယ်လား...အိမ်မှာကျ..မပေးဘူးလား..အဲဆို..."

ရင်ခွင်ထဲကနေ..စဥ်းစားဟန်နဲ့မျက်နှာလေးထွက်ပြနေပြီး....

"ပေးပါတယ်...စိတ်မပူပါနဲ့..."
"အင်း.."

ထိုကောင်လေးကို..ရင်ခွင်ထဲကိုပြန်ထည့်ရင်း....ကမ်းခြေက ရေလှိုင်းတွေနဲ့အတူ ကျွန်တော်တို့ရဲ့အချိန်တွေကို ကုန်ဆုံးစေခဲ့တယ်....

တဖြည်းဖြည်းလည်းမှောင်လာပြီဆိုတော့....ချစ်စရာ
အိမ်လေးဆီကို..ပြန်ပြီး...လျှောက်လာခဲ့ကြတယ်...

အခန်းငယ်လေးထဲရောက်တော့...မှူးကအိပ်ဖို့ဆိုပြီး...အိပ်ယာတွေခင်းနေတော့...အိမ်ကလူမနေတော့...ဖုန်တွေသန့်ရှင်းပြီး....

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now