အပိုင်း (၁၄) U & Z

477 36 5
                                    

Unicode

ဒီနေ့ ရုံးမှာ နိုင်ငံ​​ခြားဧည့်သည်တွေနဲ့ချိမ်းထားတာလည်းရှိတော့....ကျန်တဲ့နေ့တွေမှာ...ရုံးကို..ခေါ်သွားတာ...ပြသနာမရှိပေမဲ့....ဒီနေ့...ဧည့်သည်တွေနဲ့ဆို​တော့...မှူးကို အချိန်မပေးနိုင်...ကျန်တဲ့ ဧည့်သည်တွေလည်း သူ့ကိုကြည့်မှာ စိုးရတယ်....
အိမ်မှာထားခဲ့မယ်ဆိုပြန်လည်း...စိတ်မချ...
အမေတို့က...မနက်ဖြန် မှရောက်မှာဆိုတော့....

အကျီကို...သေချာအောင်ဝတ်ပေးနေတဲ့...ကလေးကို..အိမ်မှာ..ဘယ်လိုထားခဲ့ရမလဲဆိုတာ...သူမတွေးနိုင်...

မှူး....ပုခုံးနှစ်ဖက်ကို..ကိုင်ပြီး...
ဘာလဲ...ဆိုတဲ့အကြည့်နဲ့ပြန်ကြည့်နေတဲ့..ကောင်လေး...

"ချစ်လို့....."

နှဖူးလေးကို...အမြတ်တနိုးနမ်းရင်း...

"ကျွန်တော်ရောပဲ.....ဟီး..ဟီး...."
"ရောချပြန်ပြီ...."
"ဒီနေ့လေ မှူး...အိမ်မှာနေခဲ့လို့..ဖြစ်ရဲ့လား...
ဖြစ်ပါတယ်...ကိုယ့်မှာအစည်းအဝေးလည်းရှိတယ်...ဧည့်သည်တွေနဲ့ချိမ်းထားလို့..."
"အင်း..ဒီမှာနေခဲ့ပါမယ်..."
"စိတ်မချလို့...."
မှူး...က...စစ်..ပါးကို..ဖြတ်ခနဲနမ်းပြီး...

"စိတ်ချပါနော်...အပြင်ကသော့ခတ်ခဲ့..ကျွန်တော်အိမ်မှာပဲ..စောင့်နေမယ်..."
"အင်း...ကိုယ်အိမ်မှာမရှိတုန်း...မှူး...က..အိမ်အလုပ်တွေကိုဘာမှမလုပ်နဲ့နော်....ကိုယ်ပြန်လာမှလုပ်မယ်..ပြီးတော့..ဟိုမနေ့ကလို...ထမင်းမချက်ရဘူး...ကိုယ်အပြင်ကစားစရာဝယ်လာမှာ..ကြားတယ်မလား..."

တခုပြီးတခုမှာနေတဲ့...အရှေ့က..စစ်ငြိမ်းပိုင်ကို..ဘုကြည့်ကြည့်နေတာက...လရောင်မှူးပါ..

"အဲဆို...ကျွန်တော်က...ဘာလုပ်ရမှာလဲ..အိမ်မှာဒီအတိုင်းနေပြီး...ပျင်းစရာကြီး..."
"မနေ့က..ဖုန်းဝယ်ပေးထားတယ်မလား..ဖုန်းပဲသုံးနေ...TV ကြည့်...အိပ်ငိုက်ရင်အိပ်ပေါ့...ကိုယ်ဖုန်းခေါ်ရင်..ဖုန်းကိုင်...အဲလောက်ဆို...ရပြီ...."
"နော်....စစ်.."

.မှူး..ကိုဖက်ပြီး..ချွဲပြနေတော့...

"ကိုကို..မလုပ်ခိုင်းတာနော်...ပြီးမှ...
လရောင်မှူး..တို့က..ဘာအလုပ်မှမလုပ်ဘူးလို့..လာမပြောနဲ့...."

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now