Unicode
အခန်းပြင်ကနေပဲ အထဲကို ဝင်မနေတော့ပဲ သူရိန် အခန်းကိုလှည့်ပြန်လာခဲ့တယ် ....
မနက်ဖြန် မွ ထပ်လာခဲ့တော့မယ် ...အတွေးနဲ့ ...မှူးကို...ဆေးပေးသောက်...အိပ်ခိုင်းဖို့ စောင်ခြုံပေးနေတော့ ကောင်လေးက မအိပ်ဘဲ...
"ကိုကို...."
"ဟင်...ပြောလေ....မှူး...."စောင်သေချာခြုံပေးရင်း...
"ဆေးရုံက...ဆင်းလို့မရသေးဘူးလား..."
"မနက်ဖြန် ဆင်းရအောင် ကိုယ်ပြောပေးမယ်နော်....ဒီညတော့ အိပ်လိုက်အုံးနော်...ကလေးက လိမ္မာပါတယ်...."ဆေးရုံအနံ့တွေကို မုန်းနေတဲ့သူဆိုတော့...
"အင်း...."
"ကိုယ် ... ဒီမွာ ရှိနေတယ်နော်...."
"ဟုတ်...."
တဖက်စောင်းပြီး...အိပ်နေပြီ....
စစ္ကေတာ့...ထိုင်ခုံမှာ ထိုင်စောင့်နေလိုက်တယ်...အမေ့ကိုလည်း မလာနဲ့တော့ပြောလိုက်တော့....
အားလုံး ကိုယ်ပဲ လုပ်ပေးချင်ခဲ့တာ သူနဲ့ပက်သက်လာရင်.....အိပ်သာအိပ်နေတာ အိပ်မက်ထဲက လူအကြောင်းကို တွေးနေမိတယ်...'အင်း...ဟိုမိန်းကလေးက ဘယ်သူလဲဆိုတာလည်း မပြောသေးဘူး...မေးပဲမေးလိုက်ရမလား....တော်ပါပြီ...ပြောပြချင်ရင် ပြောပြမှာပဲ မေးမနေတော့ပါဘူး....'
အိပ်ပျော်အောင်တော့ အိပ်လိုက်ပါတယ်....မနက်နိုးနေကျ အချိန်ကို နိုးလာတော့..
လက်ကိုတခုခုက ကိုင်ထားတော့ ကြည့်လိုက်တော့....
စစ်ငြိမ်းပိုင် လက်ကိုင်ပြီး အိပ်နေတာကို တွေ့တော့....
အိပ်နေတာတောင်မှ တကယ်ခန့်ညားတယ်...တကယ်ကိုပဲ...မှူး သူ့ဟာသူပြုံးရင်း...စစ် ပါးကို မရဲတရဲကိုင်လိုက်တော့...စစ် လှုပ်လည်း လှုပ်လာရော...မှူး ပြန်အိပ်ချင်ယောင်ဆောင်လိုက်တယ်....
စစ် နိုးလာတော့...မှူးက...မနိုးသေး...
အိပ်ယာနိုးရင် ဆေးသောက်ဖို့ တခုခုစားခိုင်းရမယ်...မနိုးခင် ဆန်ပြုတ်သွားဝယ်ထားမှ....ကလင်....ကလင်.....
မနက်စောစော ဖုန်းလာတာ ဘယ်သူများလဲ...မှူး...နိုးသွားမှာစိုးလို့...အပြင်ကို ထွက်လာရင်း...
YOU ARE READING
𝒀𝒐𝒖 𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛
RomantikYouAreTheOne ..... မင်းက ကိုယ့်ရဲ့ ထာဝရ တစ်ဦးတည်းသော ချစ်ရသူပါ 💛 စစ် နှစ်တွေအများကြီးကြာတဲ့အထိ ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နေမယ်ဆိုတာ ယုံကြည်တယ် 💛 မှူး စစ်ငြိမ်းပိုင် & လရောင်မှူး (Myanmar Bl Fic) YouAreTheOne ..... မင်းက ကိုယ့်ရဲ့ ထာဝရ တစ်ဦးတ...