အပိုင်း(၂၄) U & Z

541 22 1
                                    

Unicode

သြဂုတ်လကို မြတ်နိုးတယ်....
ကျွန်တော် သဘောကျရတဲ့...
လူသားကို မွေးဖွားခဲ့လို့.....

စစ်တနေ့လုံး ရုံးမသွားတော့ ရုံးကဖိုင်တွေ အိမ်ကိုလာပို့ထားတော့ အလုပ်ပဲလုပ်နေခဲ့တယ်...သူစဥ်းစားနေတာ ကြာပါပြီ... မနက်ဖြန် မှူး မွေးနေ့အတွက် ဘာလုပ်ပေးမလဲဆိုတာပဲ.... တခုခုတော့ လုပ်ပေးရမယ် စာမေးပွဲအောင်တုန်းက ဘာမှထွေထွေထူးထူး လုပ်ပေးတယ်လို့ရှိမနေခဲ့ဘူး...ဆို​တော့..

"ပြောရင်းနဲ့လွမ်းလာသလိုပဲ..". ဖုန်းခေါ်လိုက်တော့ ခေါ်နေတာကြာပြီ လူကြီးမင်းနဲ့သာတိုးနေတယ်...

နောက်ဆုံး​တော့ လက်လျှော့ခဲ့ရတယ်.... အမေကလည်း အပြင်မှာ ချိမ်းထားတယ်ဆိုလို့ထွက်သွားတယ်...အိမ်မှာ ကိုယ်တယောက်တည်း...အလုပ်တွေပြီးတော့... အခန်းထဲပဲ ပြန်ဝင်လာလိုက်တယ်....

မှူးနဲ့ပက်သက်တဲ့ အမှတ်တရ ပစ္စည်းတချို့ကို ဗီဒိုတခုထဲ သီးသန့်ထည့်ထားတော့ သတိရတဲ့အချိန်ထုတ်ကြည့်ဖြစ်ခဲ့တယ်...ပစ္စည်းလေးတွေ တခုပြီးတခုထုတ်ကြည့်ရင်း...ငယ်ငယ်တုန်းက လုခဲ့တဲ့ ပစ္စည်းကို ယူကြည့်မိတယ်.... စက်ရုပ်လေးတစ်ရုပ်...

"မှူး...  ဒါကိုပဲယူမှာနော်...မေမေ..."
"ဒါက ငါ ယူထားတယ်လေ မင်း မယူရဘူး...." အားလုံးကို လျှော့ပေးနေလို့ ဒီကောင်လေး ဆိုးနေတာ ဒီတခါတော့ မရဘူး
"သားကလည်း မင်းက အကြီးလေ...မှူးကိုပဲ ပေးလိုက်ပါ...."
"ဟာဗျာ...မေမေကလည်း မပေးနိုင်ပါဘူး ကျွန်တော့်ဟာကို....."
"အီး....အီး...မရပါဘူး...သားယူမှာ...."
"စစ်ငြိမ်းပိုင်...မင်းက ကလေးထက် ငယ်သေးတာလား...မေမေက ပေးဆိုပေးလိုက်...."
"မပေးနိုင်ပါဘူး.... အတင်းမပေးဘူးဆိုပြီး "...
ဘူးခံနေတဲ့ သားကြောင့် ဒေါ်ခင်မမလည်း ခေါင်းကိုက်နေရတယ်...

"သား မင်းလည်း မယူနဲ့ အိမ်မှာ အရုပ်တွေတပုံကြီးပါ မခင်ရယ် ဒီကလေးက အဲလိုပဲ....သားစစ် ကိုယ့်ဟာကိုပဲ ဆော့နော်...သား..."
"အဲဆို အိမ်ကိုလည်း မလိုက်တော့ဘူး...အီး...ဟီး... "
ထိုင်အော်ငိုနေပါရော...

"ဒီလိုလုပ်...ဒီအရုပ်ကို သားကိုကို ဆီမှာပဲ အပ်ထားခဲ့...မှူးလေး...လာ​ဆော့ချင်ရင်...လာယူပေါ့... "
"တကယ်လား...မေခင်..."
"ဒါပေါ့..."
"ဟီး...ဟီး.....အဲဒါကြောင့် မေခင်ကိုချစ်တာ .. ဟွန်း,,...မေမေနဲ့ကိုကို့ကို မချစ်ဘူး... "
"ဟား...ဟား.... "

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now