အပိုင်း (၂၃) U&Z

486 25 3
                                    

Unicode

နှာ​စေးနေလို့ ဒီနေ့ရုံးမသွားတော့ဘူးဆိုပြီး ခရီးထွက်ဖို့ အိတ်ပြင်ပေးနေတယ်...

"ကျွန်တော်ဘာသာ လုပ်လို့ရပါတယ်... "
"နေပါစေ ကိုယ်လုပ်လိုက်ပါမယ်..."
"ကို...."
"ဟင်...ပြောလေ...မှူး..."
"တကယ် နေခဲ့လို့ ရရဲ့လား နေလည်းသိပ်မကောင်းဘူး..."
"ရပါတယ်...မှူး သာ ကောင်းကောင်းပျော်ခဲ့....ကိုယ်နေကောင်းနေပြီ...ဘာမှမဖြစ်ဘူး.... "

ကိုယ်တွေပူနေသေးလား....
နှဖူး စမ်းလိုက်တော့...

"အင်း...မပူဘူးပဲ...."
"ကိုကို နည်းနည်းလေးပဲ ထည့်သွားရင် ရပြီ တစ်ရက်ပဲ အိပ်မှာဆိုတော့..."
"အင်း...."

ဒီဖက်ကိုတောင် မလှည့်လာပဲ အင်း...ပဲ ခံနေတော့...

ဘာတွေ လုပ်နေလဲ မသိဘူး ဟိုးဖက်ကိုလှည့်ပြီး....မှူး ထိုင်ရာကနေ ထသွားကြည့်တော့...

"ကိုယ် ဘာဖြစ်နေတာလဲ...."
"ဘာမှမဖြစ်ပါဘူး...မျက်လုံးထဲ ဖုန်ဝင်လို့စပ်သွားလို့..."

မျက်လုံးကိုပဲ ပွတ်နေတော့....
တကယ်တော့ တခါမှ ခွဲပြီး သွားဖူးတာမဟုတ်ဘူး တကယ်လည်း မသွားစေချင်ဘူး ကိုယ်မပါပဲ....

"ဟုတ်လို့လား...ပြကြည့်..အဲဆို..."
မျက်လုံးပဲ အတင်းလာကိုင်နေတော့...
"ကောင်းသွားပြီ...."ပြုံးပြလိုက်တော့..
မှူး..က သဘောပေါက်ပြီး...
လာဖက်ရော....

"ကိုကို မသွားစေချင်ရင် မှူး မသွားပါဘူး...မငိုနဲ့နော်..."
"မငိုပါဘူး မှူးကလည်း...တရက်ပဲ ကြာမှာကို နော်...ဟိုရောက်ရင် ဖုန်းဆက်နော်...ကြားလား...ကိုယ် ဖုန်းဆက်ရင်လည်း ကိုင်နော်..."
"ဟုတ်...ကိုကို...ဂရုလည်းစိုက်ဦးနော်..."
"အင်း....ဖုန်းဆက်နေပြီ....အောက်ကိုရောက်နေပြီတဲ့...."
"အင်းပါ သွားလိုက်တော့... "

မှူး...ကို နှစ်ရက်စာလောက် နမ်းပြီးမှ...လွှတ်ပေးလိုက်တယ်...
"သွားပြီနော်...ဟိုရောက်မှ ဖုန်းဆက်လိုက်မယ်...."
"အင်း.... "
ကျောခိုင်းပြီးရပ်နေတယ်အောက်ကိုတော့ လိုက်မပို့ဖြစ်..

အောက်ထပ်ကို ပြေးဆင်းပြီး...
"မေခင်ရေ...သွားပြီဗျာ..."
"အေးအေး...သားငယ်...ဂရုစိုက်ဦးနော်..."
"ဟုတ်ကဲ့..."

𝒀𝒐𝒖  𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛Where stories live. Discover now