Unicode
ဒီနေ့နဲ့ဆို ၃ရက်ရှိပီ မေခင်တို့အိမ်မှာ သောင်သင်နေတာ အခန်းလည်းမပြန်ဖြစ်ဘူး ဟိုနေ့ကတည်းက ဘာလို့နောက်ကျနေလဲဆိုတာ ကျွန်တော်လည်းမမေးဘူး သူကလည်း ဖြေရှင်းချက်မဟုတ်ဘဲ ဒီတိုင်း သဘောနဲ့ ရှင်းပြချက်လေးတောင် ထွက်မလာတော့ မမေးဖြစ်ဘူး....
နေပါစေလေ...လူတိုင်းက မှာလည်း သူ့ Personal ရှိသေးတော့ ကိုယ်နဲ့က ဆိုင်သာဆိုင်နေတာ ပိုင်နေတာမှမဟုတ်ဘဲ ပြောပြချင်စိတ်ရှိမှ ပြောပြပါစေ....နားလည်ပေးရမှာပေါ့....
ဒီနေညတော့ ဘယ်လိုအိပ်ရမလဲဆိုတာ သေချာမသိတော့ဘူး မနက်ဖြန် အောင်စာရင်း ထွက်မဲ့ရက်ကြီး.....
အိပ်မပျာ်လို့ အခန်းထဲက ထွက်ပြီး စာကြည့်တိုက်အခန်းကို ချောင်းကြည့်တော့ ကိုကိုက အလုပ်လုပ်နေတုန်း....တံခါး ခေါက်လိုက်ပြီး....
"ကိုကို...."
"ဟင်...မှူး...ဘာလိုချင်တာရှိလို့လဲ...."
"အိပ်မပျော်လို့......"
"ဒီကို လာခဲ့လေ...."လက်ကို ဆန့်ပေးလိုက်တော့..ရင်ခွင်ထဲကို ပြေးဝင်လာပြီး...
သူ့ကိုလည်း ချီထားရင်း ကွန်ပျူတာကိုနှိပ်ရင်းနဲ့...."အိပ်မပျော်ဘူးလား....စိတ်လှုပ်ရှားနေတာလား..မှူးက..."
"အဲလို ဖြစ်မယ်ထင်တယ်...." ရင်ခွင်ထဲကနေ လှုပ်စိလှုပ်စိနဲ့ ခေါင်းလျှော်ထားတယ်ထင်တယ် ဆံပင်လေးကလည်း မွှေးနေရော...မကြာမကြာ နမ်းရင်း...
"ကိုယ် ပြောသားပဲ ကြိုမေးပေးမယ်လို့ ကိုယ့်အသိ ပါမောက္ခဆရာကြီးတွေ ရှိတယ်..."
"နေပါစေ ကျွန်တော် ဒီအတိုင်း ရင်ခုန်ချင်လို့...ဒီည အိပ်လို့ရမယ်မထင်ဘူး "
"အင်းပါ...ကိုယ်ရှိနေတယ်လေ ကိုယ်စောင့်ပေးနေမယ်..."ဆံပင်လေးကို နမ်းရင်း အလုပ်ကို ပြန်လုပ်ရင်း.....သိပ်မကြာလိုက်ပါဘူး...
"မှူး..."
အသံမပေးတော့ဘူးဆိုတော့...
"တညလုံး အိပ်လို့ရမယ် မထင်ဘူးဆိုတဲ့ကောင်လေးက ....ဒီကလေးနဲ့တော့လေ"ဘယ်လိုပဲ မအိပ်ဘူးပြောပြော ကျွန်တော်ရင်ခွင်ထဲရောက်ရင် အိပ်ဆေးနဲ့လုပ်ထားသလို တခါတည်း အိပ်ပျော်...အဲအတိုင်းပဲ ချီပြီး အလုပ်လုပ်နေတော့ အလုပ်လည်းပြီးရော...တော်တော်ကိုညောင်သးသွားတယ်...သူ့ကိုချီပြီး သူ့အခန်းထဲကို ချီသွားရင်း....
YOU ARE READING
𝒀𝒐𝒖 𝑨𝒓𝒆 𝑻𝒉𝒆 𝑶𝒏𝒆... 💛
RomanceYouAreTheOne ..... မင်းက ကိုယ့်ရဲ့ ထာဝရ တစ်ဦးတည်းသော ချစ်ရသူပါ 💛 စစ် နှစ်တွေအများကြီးကြာတဲ့အထိ ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နေမယ်ဆိုတာ ယုံကြည်တယ် 💛 မှူး စစ်ငြိမ်းပိုင် & လရောင်မှူး (Myanmar Bl Fic) YouAreTheOne ..... မင်းက ကိုယ့်ရဲ့ ထာဝရ တစ်ဦးတ...