Part-2

9.6K 1.1K 34
                                    

(Unicode) ထိုမိန်းကလေးနှင့်အတူ ပါသွားသော ရှောင်ကျန့်ဆိုသည့် အရပ်ရှည်ရှည်လူတစ်ယောက်ဟာ သူမနှင့် အခန်းနီးချင်းဟု ဆိုနိုင်ပါသည်။ သူမဟာ ကိုယ်ဝန်သည်တစ်ဦးမို့ မိန်းကလေးများအပေါ် ကြင်နာယုယတတ်သော ရှောင်ကျန့်က သူမကို အမတစ်ယောက်လို အမြဲဂရုတစိုက်နှင့် ကူညီပေးတတ်သည်။

ထိုမိန်းကလေးမှာ သွေးစုပ်ကောင်ကူးစပ်ထားခြင်းခံရသည်က မကြာသေးသည်မို့ သူဆာလောင်နေသည်က သွေးဆိုတာမသိသေးပဲ အားအင်ချိနဲ့နေခဲ့သည်။ အသိဉာဏ်လည်း မလွတ်သေးသည့်အပြင် လူတချို့သူ့နောက်ကို လိုက်နေသည်ကိုလည်း ရိပ်မိပါသည်။

ကြောက်လန့်တုန်လှုပ်နေသောအတွေးတချို့နှင့်အတူ မကြာခင်မှာ တိုက်ခန်းတွေဆီသို့ ရောက်လာလေ၏။

" ကျဲကျဲ ကောင်းကောင်းအနားယူလိုက်နော်။ လိုအပ်တာအကုန်ပြော သိလား။ ကျွန်တော်ကူပေးမယ် "

ရှောင်ကျန့်ဆိုသည့်သူတစ်ဦးကတော့ သဘောကောင်းပြီးရိုင်းပင်းတတ်၍ သူမ အားကိုးနေမိသည့် မောင်လေးတစ်ဦးဆိုလည်း မမှားပါဘူး။ သို့သော် အခုတော့ သူမစိုက်စိုက်ကြည့်နေမိသည်က ရှောင်ကျန့်၏ လည်တိုင်တစ်ခုကိုပင် ဖြစ်သည်။

" ကျဲကျဲ ကျွန်တော်ပြောတာ ကြားလား? "

" ဟင်။ အင်းအင်း။ ကျေးဇူးပဲ ရှောင်ကျန့် "

ရှောင်ကျန့်သတိပေးလာမှ သူမ စိတ်ဂယောင်ခြောက်ခြားဖြင့် သူ့တိုက်ခန်းထဲသို့ သူပြန်ဝင်သွားသည်။ ရှောင်ကျန့်မှာတော့ သူစိတ်ထိခိုက်စရာများနှင့် ကြုံနေ၍ အခုလို ဖြစ်နေသည်ဟု ထင်ပါသည်။

** ဟင်း။ စစ်ရန်ကျဲရယ်. . ဘဝက ဆိုးလိုက်တာ။ ယောကျာ်းဖြစ်သူက ပစ်သွားပြီး ကိုယ်ဝန်တစ်ဖက် ဆေးဆိုင်တစ်ဖက် လုပ်နေရတော့ သူစိတ်ပင်ပန်းနေတာဖြစ်မယ်။ မျက်နှာကလည်း မှုန်သုန်ပြီး ဖြူဖျော့နေတာပဲ။ ကျွတ်ကျွတ်ကျွတ် ~ ~ ကျဲကျဲရဲ့ဘဝ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် **

သူ့လို သာမန်လက်လုပ်လက်စား ဘဝသမားကလည်း ထိုမိန်းကလေးကို ဘေးကပဲ ကူညီရိုင်းပင်းနိုင်ရုံကလွဲလိ့ု ဘာမှမရှိတဲ့အတွက် ဆုတောင်းပေးရင်း သူ့အခန်းဆီသို့ သူဆက်လျှောက်လာခဲ့သည်။

Beijing Vampire(Complete)Where stories live. Discover now