(Unicode) ဇွက် ~ အ . .
ရုတ်တရက် ဂုတ်ကို တစ်ခုခုနဲ့ ဆောင့်ထိုးလိုက်သလို ခံစားရပြီး ပူထူသွားရ၍ ရှောင်ကျန့်ကို ပင်း မကိုက်လိုက်နိုင်ပဲ လွှတ်ပေးမိကာ တစ်ဖက်သို့ လှည့်ကြည့်လိုက်မိ၏။
သူလှည့်ကြည့်လိုက်တဲ့အခါ တုန်ရီနေသောလက်များဖြင့် သူ့ကို မျက်နှာငယ်လေးဖြင့် စိုက်ကြည့်နေရှာတဲ့ ယွမ်ဖေးကို မြင်လိုက်ရလေသည်။ ကြည့်ရတာ သူ့ရဲ့ဆရာဖြစ်တဲ့ရှောင်ကျန့်ကို ပင်းအန္တရာယ်ပေးမှာ မလိုလား၍ ကြိုးတွေထဲက အတင်းရုန်းထွက်လာခဲ့ဖြစ်မည်။
ပင်းဆီက လွတ်သွားတဲ့ရှောင်ကျန့်မှာတော့ သူ့လက်ထဲက လွတ်လွတ်ချင်း ကြမ်းပြင်ပေါ် ဝုန်းခနဲလဲကျကာ အသက်ရှူကြပ်လွန်း၍ မထနိုင်ပဲ ဖြစ်နေခဲ့သည်။
" ကျန့်ကော . ကျန့်ကော "
တစ်ဖက်က ရိပေါ်မှာလည်း ရှောင်ကျန့်လဲကျသွားတာမြင်တော့ ကိုက်မိသွားခဲ့သလား အရမ်းစိတ်ပူပြီး ကြိုးစား၍ အနားသို့ ချဉ်းကပ်သွားခဲ့လေသည်။
" ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့ "
ယွမ်ဖေးမှာတော့ သူတို့နှစ်ယောက်ရဲ့အဖြစ်ကို ငေးကြည့်ရင်း အရမ်းသနားလွန်း၍ ပင်းကို မျက်ရည်ဝိုင်းလည်နှင့် ဝတ်တွားခယတောင်းပန်လာခဲ့သည်။ ပင်းမှာတော့ သူ့ကို နာကြင်သွားအောင် ယွမ်ဖေး ဘယ်အရာနဲ့များ လုပ်လိုက်လေသလဲဟု ပြန်တွေးမိကာ သူ့ရဲ့ဂုတ်ကို စမ်းလိုက်မိ၏။
" ယွမ်ဖေး . . မင်းငါ့ကို ဘာလုပ်လိုက်တာလဲ? "
ထို့နောက် ဂုတ်မှာ စိုက်ကပ်နေသောတစ်စုံတစ်ရာကို ဆွဲနှုတ်ကြည့်လိုက်တော့ ဆေးရည်ကုန်သွားပြီဖြစ်သောဆေးထိုးအပ်တစ်ချောင်းသာ ဖြစ်နေလေရာ ယွမ်ဖေးလုပ်ရက်ကြောင့် ပင်း တော်တော်ထိတ်လန့်သွားခဲ့ရ၏။
" ယွမ်ဖေး. . မင်း . . မင်း . . အ . . "
နောက်ဆုံးတော့ သူချစ်ရတဲ့သူက သူ့ကို ပြန်သတ်လိုက်တဲ့အတွက် ပင်း အရမ်းနာကြင်ခံစားရကာ ဒေါသနဲ့ ယွမ်ဖေးကို ကိုင်ဆွဲပစ်ဖို့ကြံပေမယ့် သူ့ရဲ့ကိုယ်ဟာ ရုတ်ချည်းဆိုသလို ထိန်းချုပ်မှုမဲ့ပြီး ကြမ်းပြင်ပေါ် ပျော့ခွေလဲကျသွားတော့သည်။
YOU ARE READING
Beijing Vampire(Complete)
Paranormalကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ်သာ ဖြစ်ပါသည်။ Update စသည့်နေ့ - 29.6.2020 #Yibo #XiaoZh...