( Unicode) နေလုံးကြီးဟာ ကမ္ဘာတစ်ခုလုံးကို ဖြန့်ကျက်ကာ အလင်းရောင်တွေပေးနေပေမယ့် အုံ့မှိုင်းမှိုင်းရှိသည့် ပြိုပျက်နေသောအဆောက်ဦးဟောင်းတစ်ခုမှာတော့ နေရောင်တို့ဟာ တစ်စက်ကလေးမှ ဝင်မလာနိုင်ပဲ ရှိသည်။
နေအလင်းရောင်မရ၍ မှောင်မည်းနေသော ထိုတိုက်ကြီး၌ အနီရောင်မီးလုံးများကို တပ်ဆင်ထားပြီး -ဒုတ်~ ဒုတ်~ ဒုတ်
စဥ့်တီတုံးပေါ်သို့ ဓါးမဖြင့် အဆက်မပြတ်ခုတ်လှီးနေသောအသံများ ကျယ်လောင်နေခဲ့သည်။ ဘေးက နံရံများတွင်လည်း အမဲအူတွဲများ၊ ဝက်သားတွဲများ ချိတ်ဆွဲထားပုံထောက်ရင် အမဲသတ်ခုံပဲ ဖြစ်ပါလိမ့်မည်။
ဒုတ် ~
ဓါးမကိုင်ပြီး လှီးဖြတ်နေသောထိုလူဟာလည်း သန်မာထွားကျိုင်းသည့်သဏ္ဌာန်ဖြင့် ရုပ်ရည်ကလည်း ကြောက်စရာကောင်းလောက်အောင် ကြမ်းတမ်းနေသည်။
ကျွီ~ ~
ထိုစဉ် အဆောက်ဦး၏တံခါးတစ်ဖက်ကို ဖွင့်ကာ ဝင်လာသော အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့် လူတစ်ဦး။ တံခါးကိုဖွင့်လိုက်၍ သူနှင့်အတူ နေရောင်ဟာလည်း ကပ်လျှက်ပါလာကာ အခန်းတွင်း၏တစ်ဖက်တစ်ချပ်သို့ နေရောင်လာဟပ်လေသည်။
" ဒီနေ့အသစ်တစ်ယောက်လာမယ်။ သွေးပြင်ဆင်ပေးထားလိုက် "
ထိုလူ၏မျက်နှာထက်တွင်လည်း အဖြူရောင်ပါတီဝတ်မျက်နှာဖုံးကို တပ်ဆင်ထားပြီး သားသတ်သမားကြီးထံသို့ လျှောက်လာ၏။
" သေချာလှချည်လား Nရဲ့။ အခုလူသစ်က မင်းကိုက်ခဲ့တာတော့ မဟုတ်ပါဘူးနော် "
ကြည့်ရတာ သားသတ်သမားနှင့် Nဟာ အစကတည်းက သိနေသည့်ပုံစံဖြင့် တရင်းတနှီးပြောနေကြသည်။ ထိုသားသတ်သမားဟာလည်း Nကို ရက်စက်တတ်သည့်Vampireတစ်ကောင်မှန်းသိသလို သူ့အတွက် ဖောက်သည်ရှာပေးသည့် မိတ်ဆွေကောင်းဟုလည်း သူယူဆသည်။
" ကျုပ်ကိုက်ခဲ့တာမဟုတ်ပေမယ့် မကြာခင် အဲ့ဒီကောင်ကို ကျုပ်ဆာလောင်မှုအတွက် စားသုံးပစ်ရလိမ့်မယ်။ "
N၏စူးရှသောမျက်ဝန်းတွေဟာလည်း တစ်စုံတစ်ယောက်ကို ချိန်ရွယ်နေသည့်ပုံစံဖြင့် ထိုင်ခုံတစ်ခုသို့ ဝင်ထိုင်လိုက်သည်။ သားသတ်သမားကြီးကလည်း သူ့အတွက် အဆင်သင့်စီမံထားတဲ့ အမဲသွေးပန်းကန်လုံးကို ယူကာ သူ့ထံသို့ပေးလာသည်။
YOU ARE READING
Beijing Vampire(Complete)
Paranormalကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ်သာ ဖြစ်ပါသည်။ Update စသည့်နေ့ - 29.6.2020 #Yibo #XiaoZh...