(Unicode) "ဟုတ်ပါပြီဗျာ။ ကျွန်တော့်ကိုပဲ တစ်ယောက်တည်း ပစ်ထားလိုက်။ ကျွန်တော်လည်း နေမကောင်းချင်နေပြီဗျ "
ဆိုင်ကို တစ်ယောက်တည်း တာဝန်ယူရမည့် ယွမ်ဖေးမှာတော့ ဖုန်းချသွားပြီဖြစ်သော ရှောင်ကျန့်ကို တွတ်ပွတွတ်ပွဖြင့် အတင်းတုတ်နေလိုက်မိသေးသည်။
" ဗျို့ အမဲနှပ်ခေါက်ဆွဲ နှစ်ပွဲပေးပါ "
" သြော် ဟုတ် ဟုတ် လာပြီဗျ။ "
သူအတင်းတုတ်နေတုန်းမှ မဆုံးသေး လက်မလည်အောင်လုပ်ရတော့မည့် ခေါက်ဆွဲပွဲများကို ယွမ်ဖေး စာရင်းမှတ်ရင်း တစ်ယောက်တည်း ကကြိုးဆင် နေပါတော့သည်။
** ချစ်စရာလေး **
သို့သော် ယွမ်ဖေးမသိသော တစ်နေရာမှာတော့ ယွမ်ဖေးကို ခေါက်ဆွဲတစ်ပွဲလို အပိုင်ဝယ်ပစ်ချင်နေသည့် အဖြူရောင်မျက်နှာဖုံးနှင့် Nဆိုသောသူ ရှိနေခဲ့သည်။
ယွမ်ဖေးရဲ့ရိုးသားဖြူစင်သည့်ပုံစံလေးနှင့် ကြိုးစားတတ်သည့်အကျင့်လေးကို ငေးကြည့်ရင်း သူ မကိုက်ရက်ခဲ့သည့် လည်တိုင်လေးကို တမ်းတနေရင်း တစ်ထောင့်တစ်နေရာမှာ N ရပ်ကြည့်နေရာ -Tin. . .
ရုတ်တရက် မက်ဆေ့ဝင်သံကြောင့် N ဖုန်းကိုထုတ်ကြည့်ရင်း လှည့်ထွက်သွားတော့သည်။
________________. . . အမည် ရှောင်ကျန့် နံပါတ်စဉ်လာယူပါနော်. . .
ရှောင်ကျန့်မှာတော့ သူ့ဗိုက်က ဘာရောဂါလဲသိရဖို့ ဆေးရုံသို့သွားကာ စစ်ဆေးဖို့ လူနာနံပါတ်ရေကို သွားယူလိုက်သည်။ ပြည်သူ့ဆေးရုံမှာ တန်းစီနေသောလူနာတွေက တော်တော်များလှ၍ တစ်နေ့တည်းတော့ စမ်းသပ်ပြီးမည် မထင်ရပေ။
ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးနေရင်း ရှောင်ကျန့် ထိုင်စောင့်နေမိရာ ခန္ဓာကိုယ်က အရမ်းအားနည်းလာသည့်ပုံနှင့် ထိုနေရာမှာတင် သူ တစ်မှေးလောက် အိပ်ပျော်သွားခဲ့မိသည်။
" အမှတ်စဉ် ၄၅ ဝင်လို့ရပါပြီ "
ညနေစောင်းလောက်မှ သူ့အလှည့်ရောက်လာရာ Nurseတစ်ဦး အသိပေးသည့်အနေဖြင့် လှမ်းအော်ပေမယ့် ရှောင်ကျန့်မှာ ထမလာချင်တော့လောက်အောင် အိပ်မောကျပြီး မထူးမိပေ။
ခန္ဓာကိုယ်ကလည်း နိုးထဖို့ပင် အားအင်မရှိလေတော့ -
YOU ARE READING
Beijing Vampire(Complete)
Paranormalကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ်သာ ဖြစ်ပါသည်။ Update စသည့်နေ့ - 29.6.2020 #Yibo #XiaoZh...