(Unicode) " အဲ့ဒါဆို ဘယ်သူသတ်တာလဲ? "
" သူက သူ့ကိုယ်သူ သတ်သေသွားတာ "
ဘဝကို ရုန်းကန်လှုပ်ရှားရသည်က ပင်ပန်းလို့ သေကြောင်းကြံသွားလေသလား။ ရိပေါ်၏ ပြောစကားကြောင့် ရှောင်ကျန့်ခေါင်းပေါ်တွင် သံရည်ပူများ လောင်းချလိုက်သကဲ့သို့ ပူလောင်သွားကာ ထိုနေရာမှာတင် ခဏတာငြိမ်သက်သွားခဲ့မိသည်။
" ကျဲကျဲက သတ်သေတယ်?? "
" အင်း။ ဘာလို့ဆို သူက vampireတစ်ကောင် ဖြစ်နေလို့ "
" ဘာ? "
သာမန်အကြောင်းပြချက်တစ်ခုဆို ခံသာသေးသော်လည်း သွေးစုပ်ကောင်ဆိုတာကတော့ ရှောင်ကျန့်ဘယ်လိုမှ လက်မခံနိုင်ပေ။ နှုတ်ခမ်းသားတွေပြတ်လုမတတ် အံကို ကြိတ်ထားရင်း မကျေနပ်သေးသောအကြည့်ဖြင့် ရိပေါ်ကို စိုက်ကြည့်လာသည်။
" ဝမ်ရိပေါ် မင်း ငါ့ကို ယုံတမ်းစကားတွေ လာမပြောနဲ့။ မင်းပြောတာတွေကို ငါယုံမယ်ထင်လို့လား? ကျဲကျဲကို မင်းသတ်လိုက်တာမလား ? "
" ငါ့ကို လာမစွပ်စွဲနဲ့ ရှောင်ကျန့်။ မင်း မယုံတာတော့ မတတ်နိုင်ဘူး။ ငါက သွေးစုပ်ကောင်တိုက်ဖျက်ရေးအဖွဲ့ကပဲ။ ပြီးတော့ မင်းရဲ့အမက သွေးစုပ်ကောင်ရဲ့ကူးစပ်မှုကို ခံရပြီး လူစိတ်ပျောက်သွားတာ။ မင်းကို ရန်တွေ့သွားပုံကိုပဲ မင်းကြည့်ပေါ့။ ငါသာ ရောက်မလာရင် မင်း အဲ့ဒီမိန်းမရဲ့အဆာဖြစ်ပြီ "
ခွပ်~ ~
ရိပေါ်စကားတွေက ရှောင်ကျန့်အတွက် ယုံတမ်းပုံပြင်တွေဖြစ်နေပြီး သူ့အမကို စော်ကားလွန်းရာကျနေ၍ မနေနိုင်တော့ပဲ လက်သီးနဲ့ ထိုးပစ်လိုက်လေသည်။
ရိပေါ်၏ပါးရိုးတစ်ဖက်မှာ ရှောင်ကျန့်၏လက်သီးကြောင့် အောင့်တက်သွားရပြီး ခေါင်းမှာ တစ်ဖက်သို့စောင်းသွားရ၏။" ငါ့ကို ပုံပြင်တွေ လာပြောမပြနဲ့ ဝမ်ရိပေါ်။ ကျဲကျဲကို မင်းဘာလုပ်ခဲ့လဲ ကျဲကျဲဘာလို့သေခဲ့ရလဲဆိုတာ ငါစုံစမ်းပြမယ်။ "
ရိပေါ်ကို မကျေနပ်သည့်အကြည့်များနှင့် ကြုံးဝါးရင်း ထပ်ပြီး ရန်မဖြစ်ချင်တော့တာကြောင့် ဒေါသကိုထိန်းကာ လှည့်ထွက်သွားတော့သည်။ ရိပေါ်မှာတော့ ရှောင်ကျန့်ထိုးသွားခဲ့တဲ့ သူ့ရဲ့ပါးတစ်ဖက်ကို လက်နဲ့ထိကိုင်ရင်း ကျန်နေခဲ့သည်။
YOU ARE READING
Beijing Vampire(Complete)
Paranormalကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ်သာ ဖြစ်ပါသည်။ Update စသည့်နေ့ - 29.6.2020 #Yibo #XiaoZh...