(Unicode) " လွှတ်ပါ။ ကျွန်တော့်ကို အဲ့ဒီလိုလုပ်တာ မကြိုက်ဘူး။ ကျွန်တော် မကျော်ကြားချင်နေပါစေ။ အဲ့ဒီအလုပ်ကို တစ်သက်လုံးမလုပ်ဘူး "
Sponsor companyရဲ့ studioခန်းတစ်ခုမှာတော့ ခါတိုင်းလို ဂွင်ဆင်နေသည့်သူဌေးမနှင့် လူတစ်ဦးရှိနေခဲ့သည်။ သူမရဲ့စတိုင်ကတော့ ခါတိုင်းလို အငယ်လေးတွေကို စားချင်မိ၍ ကြံသော်လည်း ကျစ်ယွမ်ဖေးလို လူအေးတစ်ယောက်နဲ့ထပ်တိုးနေပြန်သည်မို့ သူမစိတ်ရှုပ်ကာ အလွှတ်ပေးလိုက်ရသည်။
" တောက်။ အရေးထဲ ကျစ်ယွမ်ဖေးလိုလူနဲ့ လာတိုးနေတယ်။ အဖွဲ့သားတွေနဲ့ ပညာပေးခိုင်းရအောင်လည်း vampireနဲ့တိုးနေရင် ဒုက္ခ။ "
ဒီတစ်ခါလွတ်သွားတဲ့ကောင်လေးကိုတော့ သူမ အဖွဲ့တွေကို ပညာလိုက်ပေးဖို့ မဝံ့ရဲတော့ပဲ ဒီတိုင်းလွှတ်ထားလိုက်မိရာ ထိုကိစ္စနှင့်ပတ်သက်ပြီး သတိရသွားသည်က. . .
" အယ် ဟုတ်သားပဲ။ ဟိုမောင်လေး ငါ့ကို ပို့ထားတာတွေ ကြည့်ရဦးမယ်လေ။ ခုမှ သတိရတယ် "
ပို့ထားတာ ကြာပြီဆိုပေမယ့် သူမက sponsorကိစ္စနဲ့ပတ်သက်ပြီး ထောက်ပံ့ပေးရတဲ့အလုပ်တွေနဲ့ ရှုပ်နေခဲ့တာမို့ သတိရတုန်းလေး ဖုန်းကို ဖွင့်ကြည့်လိုက်၏။
သူမက သူဌေးဆိုတော့ ဖုန်းကတစ်လုံးမကရှိပြီး ရိပေါ်ကိုအပ်ခဲ့တဲ့accက သူမ သိပ်မသုံးတဲ့ဖုန်းမှာရှိလို့ အခုလို မေ့သွားခြင်းဖြစ်ပါသည်။
" ကဲ ကြည့်ရအောင် "
ထို့နောက် ရိပေါ်ပို့ပေးလိုက်တဲ့အဖွဲ့သားတွေရဲ့ပုံတွေကို သေချာကြည့်ကြည့်နေရင်းက မျက်နှာဖုံးမပါတဲ့အခါ တွေ့ခဲ့ရတဲ့ပုံရိပ်နှင့်တူသော လူတစ်ယောက်ကို တွေ့မိသလိုဖြစ်သွားရသည်။
" ဟဲ့ ဟဲ့ ဒီလူ မလား? "
သူမ မြင်တာဟုတ်မဟုတ်လည်း ထိုပုံကို ပြူးပြဲကြည့်ရင်း မျက်လုံး မျက်ခုံး နှုတ်ခမ်းကအစ မျက်နှာဖုံးအရှင်ဟာ ရိပေါ်ပို့လိုက်သည့်JJVအဖွဲ့သားထဲက တစ်ယောက်မို့ သေချာလား ပြန်စစ်ကြည့်လိုက်သေးသည်။
" အင်း ဟုတ်နေတာပဲ "
သေချာစစ်ကြည့်လည်း မလွဲတာမို့ သူမလည်း ထိုလူ့ပုံကိုဆေ့ကာ ရိပေါ်အား ပြန်ပို့ပေးလိုက်၏။
YOU ARE READING
Beijing Vampire(Complete)
Paranormalကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ်သာ ဖြစ်ပါသည်။ Update စသည့်နေ့ - 29.6.2020 #Yibo #XiaoZh...