(Unicode) " အမ ရန်ကျဲ . . ကျွန်တော် အမရန်ကျဲရဲ့ကလေးကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး။ ကျွန်တော် အရမ်းတုံးတယ်မလား? ဖခင်ကောင်းမပီသခဲ့တဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်နော်။ ကျွန်တော့်ကို ဆူပါ ငေါက်ပါ ကျဲကျဲရယ် . . "
ဆောင်းကာလကြီး ကြာရှည်စွာနဲ့ပြီးဆုံးသွားခဲ့တဲ့နောက် တစ်ဖန်ပြန်ရောက်လာပြီဖြစ်တဲ့ နွေလေပြေတို့ရဲ့ကြားမှာ ရှောင်ကျန့်တစ်ယောက် မှိုင်တွေစွာနဲ့ မရှိတော့တဲ့ စစ်ရန်ကျဲကို တမ်းတရင်း တောင်းပန်စကားတွေဆိုနေမိခဲ့သည်။
ထို့နောက် သူ မကာကွယ်ပေးနိုင်ခဲ့သော ဖေးဟုန်လေးကို ပြန်တွေးရင်း ဖောယောင်နေသောမျက်ဝန်းလေးထက်မှ မျက်ရည်တို့ ထပ်မံစီးကျနေလျှက်။" ပါပါးကို ခွင့်လွှတ်ပါ ဖေးဟုန်။ ပါပါး မင်းကိုမကာကွယ်ပေးနိုင်ခဲ့ဘူး။ ပါပါး တောင်းပန်ပါတယ် . . "
ဖေးဟုန်လေးဟာ သူ့ရဲ့ကလေးအစစ်မှန်မဟုတ်ခဲ့ပေမယ့် ဝမ်းနဲ့လွယ်မွေးခဲ့ရတာမို့ သံယောဇဉ်ကြီးမိသည်။ အချစ်ကြီးမိသည်။ ဒါပေမယ့် သူ့လက်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ဖေးဟုန်လေးမှာလည်း ဒုက္ခမျိုးစုံခံခဲ့ရတဲ့အတွက် ရှောင်ကျန့်မှာ ပြောပြလို့မရအောင် ဝမ်းနည်းပူဆွေးနေမိခဲ့သည်။
" ပါပါး~ "
ထိုစဉ် သူ့ရဲ့နောက်ကျော၌ သူ့ကိုတက်ကြွစွာ ခေါ်နေတဲ့အသံလေးကို ကြားမိတော့ ရှောင်ကျန့် ရုတ်တရက်စိတ်လှုပ်ရှားမိပြီး တစ်ဖက်ကို လှည့်ကြည့်လိုက်မိသည်။
" ဖေးဟုန် "
သူလှည့်ကြည့်ပေမယ့် ထိုမြစ်ကမ်းနဘေးမှာ သူကလွဲပြီး တစ်ခြားမည်သူမျှ မရှိ၍ ရှောင်ကျန့် နားကြားမှားသွားမှန်းသိသိနဲ့ ဖေးဟုန်လေးကို ထပ်ရှာနေမိတုန်းပင်။
" ပါပါး တောင်းပန်ပါတယ် ဖေးဟုန်ရယ် . . ဖေးဟုန်လေးအတွက် ကောင်းမွန်တဲ့အဖေကောင်းတစ်ယောက် မဖြစ်ခဲ့ဘူး။ ဖေးဟုန်ရှေ့မှာ ပါပါး မျက်နှာမပြဝံ့ပါဘူး "
သူ့နဘေးမှာ မရှိခဲ့သော ဖေးဟုန်လေးကို တမ်းတကာ ပြောဆိုနေစဉ် ပတ်ဝန်းကျင်က တိုက်ခတ်လာသော ခြောက်သွေ့သည့်လေများဟာလည်း သူ့စိတ်အစဉ်ကို ပိုပြီးပူဆွေးသောကရောက်စေနေ၍ ရှောင်ကျန့် ငိုကြွေးရင်း ထိုနေရာမှာ အချိန်တော်တော်ကြာအောင် ရှိနေခဲ့ပါသည်။
YOU ARE READING
Beijing Vampire(Complete)
Paranormalကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ်သာ ဖြစ်ပါသည်။ Update စသည့်နေ့ - 29.6.2020 #Yibo #XiaoZh...