Part-19

4.6K 678 7
                                    

(Unicode)  " ဟို။ ကျွန်တော် ရိုးရိုးသားသားနဲ့ ရှေ့ဆက်ချင်ပါတယ်။ ကျွန်တော်က အဲ့ဒီလိုလူမျိုး မဟုတ်ပါဘူး "

" ဘယ်လိုမျိုးလဲ ကောင်လေးရဲ့။ အချိန်တွေဆွဲမနေပါနဲ့။ ဒို့နဲ့လိုက်ခဲ့လေကွာ "

" ကျွန် ကျွန်တော် အဲ့ဒီလို အတန်းစားမဟုတ်ပါဘူး "

ရှောင်ကျန့်ရဲ့တပည့်ပီပီ တစ်ဖက်သားကို အားနာစိတ်၊ ညှာတာစိတ်၊ သည်းခံစိတ်တွေ ပြည့်ဝနေလေတော့ သူ့အနားအတင်းတွယ်ကပ်လာသော ထိုမိန်းမကို ယွမ်ဖေး ထစ်ငေါ့ငေါ့စကားများဖြင့်သာ ပြန်လည်ပြောဆိုနေခဲ့သည်။

" အားလုံးကို ဒို့အဆင်ပြေအောင် လုပ်ပေးမယ်။ မလန့်ပါနဲ့။ မင်းလိုလုပ်တဲ့လူတွေအများကြီးရှိပါတယ်။ အတွေ့အကြုံရှိသွားရင် မင်းဒို့ကို စွဲလန်းသွားမှာ အာမခံတယ်။ နောက်မှ မမ မမ ဖြစ်မနေနဲ့နော် " 

ပြတ်ပြတ်သားသားငြင်းဆန်မှုမရှိတဲ့အခါ ထိုမိန်းမက အတင့်ရဲလာပြီး သူ၏ပါးပြင်ဆီ လက်ရောက်လာကာ သူ၏နှုတ်ခမ်းလေးကို နမ်းဖို့ အနားတိုးလာခဲ့သည်။

" သူဌေး။ သူဌေး ကျွန်တော်က အဲ့ဒီလို မဟုတ်ဘူး။ မလုပ်ပါနဲ့ "

စိတ်ထွေပြားကာ ကြောက်လန့်နေမိတဲ့ယွမ်ဖေးရဲ့ပုံစံလေးဟာ သူမရဲ့စိတ်ကို နှိုးဆွပေးနေသလို ချစ်စရာကောင်းလွန်းသည်မို့ သူမ မနေနိုင်တော့ပဲ ယွမ်ဖေးရဲ့ဂုတ်ပိုးကိုလက်ဖြင့်ထိန်းကား အတင်းနမ်းဖို့ ကြိုးစားတော့သည်။

" အဲ့ဒီလောက် မရိုးသားပါနဲ့။ ဒို့နဲ့တွေ့ရင် ဆန်းသွားစေရမယ်။ "

" မဟုတ်ဘူး။ တောင်းပန်ပါတယ်။ ကျွန်တော် မလုပ်ပါရစေနဲ့။ လွှတ် "

ယွမ်ဖေးမှာလည်း သူမ၏ဆန္ဒပြင်းပြနေသောနှုတ်ခမ်းဆီက ရုန်းထွက်ရင်း တောင်းပန်စကားဆိုနေရာ သူမကတော့ လုံးဝလက်မလျှော့ပဲ လက်နှစ်ဖက်ဖြင့် ဂုတ်ပိုးကိုသိုင်းဖက်ပြီး ရှောင်လွှဲနေသောယွမ်ဖေးနှုတ်ခမ်းလေးကို နမ်းရှိုက်ဖို့ကြံနေသည်။

" တော်တော်ဆိုးတဲ့ကလေးပဲ။ မင်း ဒို့နဲ့တွေ့ဖို့လည်း ရောက်လာပြီ။ ဒို့က မင်းကို sponsorလည်းပေးရဦးမယ်။ မင်းဘက်က အဲ့ဒါတော့ ပြန်ပေးသင့်တယ်။ ဒီဘက်လှည့်စမ်း "

Beijing Vampire(Complete)Where stories live. Discover now