(Unicode) ထို့အပြင် ဆွဲဆောင်မှုရှိလှသော ရှောင်ကျန့်၏နှုတ်ခမ်းလေးနှင့်မှဲ့လေးက ရိပေါ်ရဲ့အသိစိတ်ကို မှေးမှိန်သွားစေလေတော့ သူ မနေနိုင်တော့ပဲ ခေါက်ဆွဲမျှင်ကို ဇွက်ခနဲ ဆွဲစုပ်ရင်း သူ့ရဲ့နှုတ်ခမ်းတို့က ရှောင်ကျန့်၏ ဟစိစိဖြစ်နေတဲ့နှုတ်ခမ်းလေးဆီသို့. . . .
" ဟင်? "
ရှောင်ကျန့်မှာလည်း သူ့နှုတ်ခမ်းလေးကို ထိကပ်နမ်းရှိုက်လာတဲ့ ရိပေါ်ဆီက အနမ်းလေးကြောင့် ကျောတွန့်ပြီး အနောက်ဆုတ်လိုက်မိသည်။
အွတ် ~ထိုစဉ် ရိပေါ်က အရုန်းမခံပဲ သူ့ရဲ့ဂုတ်ပိုးလေးကို လက်ဖြင့် ဖိဆွဲလိုက်ပြီး သူ့နှုတ်ခမ်းလေးကို စုပ်ယူလာခဲ့သည်။ ရှောင်ကျန့်မှာတော့ လက်တွေ့ဖြစ်နေခဲ့တဲ့ ရိပေါ်၏ရင်ခုန်ဖွယ်အနမ်းတို့ကြောင့် မျက်လုံးပြူးလေးဖြင့် ရိပေါ်ရဲ့မှေးစင်းနေသောမျက်ဝန်းများကို စိုက်ကြည့်နေမိခဲ့သည်။
ဟစ်~ ~ imm~ ~
ထို့နောက် ရိပေါ်က သူ့နှုတ်ခမ်းတွေကို ပါးစပ်ထဲသို့အတင်းဆွဲစုပ်လိုက်လေတော့ ရှောင်ကျန့် ရင်ထဲ စူးခနဲဖြစ်သွားကာ နှလုံးသားတို့ တဒိတ်ဒိတ်ဖြင့် သူ့ရဲ့လက်တို့ဟာ ရိပေါ်၏ပုခုံးကို တွန်းကန်မိလျှက်သား ဖြစ်သွားရသည်။
ရိပေါ်မှာတော့ သူ့ပုခုံးပေါ် ကျရောက်လာတဲ့ ရှောင်ကျန့်ရဲ့လက်တစ်စုံကြောင့် ပို၍ အသက်ရှူတို့မြန်လာကာ ရှောင်ကျန့်ရဲ့ကျောပြင်ကို သူ့လက်တို့ဖြင့် သိမ်းကျုံးဖက်ပြီး ပြင်းထန်တဲ့အနမ်းတချို့ကို ဖန်ဆင်းမိခဲ့သည်။
** သူ ဘာလို့အခုလို လုပ်နေရတာလဲ? ဘာလို့လဲ? **
အသက်ရှူကြပ်ရလောက်တဲ့အထိ ဖြစ်စေသော ထိုအနမ်းတို့ကြောင့် ရှောင်ကျန့်မှာ ခံစားချက်တွေတစ်မျိုးကြီးဖြစ်လာပြီး ရိပေါ်ကဲ့သို့ ရှူရှိုက်သံတွေ ကျယ်လောင်လာသည်။ သို့ပေမယ့် အဓိပ္ပါယ်ဖော်ကြူးမရသော အနမ်းတို့ကြောင့် ရှောင်ကျန့် ပြန်လည်မတုံ့ပြန်မိပဲ ငြိမ်နေမိခဲ့သည်။
အချိန်အနည်းငယ်ကြာတဲ့အခါမှ ရိပေါ်တစ်ယောက် စိတ်ကိုထိန်းရင်း ရှောင်ကျန့်ရဲ့နှုတ်ခမ်းလေးတွေကို အလွှတ်ပေးလိုက်မိသည်။
YOU ARE READING
Beijing Vampire(Complete)
Paranormalကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ်သာ ဖြစ်ပါသည်။ Update စသည့်နေ့ - 29.6.2020 #Yibo #XiaoZh...