(Unicode) " ဒယ်ဒီ . . ပါပါး "
တစ်ဖက်က သူ့ရဲ့သွေးထိုးစကားကြောင့် စိတ်ရိုင်းဝင်သွားမိတဲ့ဖေးဟုန်လေးမှာတော့ နွေးထွေးတဲ့ရင်ခွင်ထဲမှာ ငြိမ်သက်စွာနေပြီး မကြာ အသိစိတ်တို့ပြန်ဝင်လာခဲ့တော့၏။ ယခင်ကလို ချစ်စရာကောင်းသော အသံပိစိလေးကို ကြားတော့မှ ရိပေါ်နဲ့ရှောင်ကျန့်လည်း သူ့ကို ရင်ခွင်ထဲကနေ ထုတ်ကြည့်ကြတော့၏။
" ဖေးဟုန်. . ဖေးဟုန် သတိရလာပြီနော် "
မျက်ဝန်းလေးတွေက နီဆဲ ဆိုပေမယ့်. . အကျည်းတန်စရာကောင်းတဲ့သွားစွယ်တွေနဲ့လက်သည်းတွေက ပျောက်သွားပြီမို့ ဖေးဟုန်လေး စိတ်ပုံမှန်ဖြစ်သွားမှန်း နှစ်ယောက်စလုံးရိပ်မိလိုက်သည်။
ဖေးဟုန်လေးမှာတော့ သူ့ကို စိုးရိမ်ပူပန်နေသောမျကနှာများနှင့် စိုက်ကြည့်နေသောရှောင်ကျန့်နဲ့ရိပေါ်ကို မော့ကြည့်ရင်း စတင်ငိုကြွေးပါတော့သည်။" ဗြဲ. . . အဟင့်ဟင့်. . ဗြဲ. . "
" အယ်. . ဖေးဟုန် ဘာလို့ငိုတာလဲ? ဘာဖြစ်လို့လဲဟင် ဘာဖြစ်လို့လဲ? "
အသိစိတ်ပြန်ဝင်လာပြီးနောက် ဖေးဟုန်လေးဟာ ခါတိုင်းလို အော်ငိုတော့၍ ဘယ်လိုဖြစ်သွားတာလဲ နှစ်ယောက်စလုံးမသိတော့ပေ။ ရှောင်ကျန့် ချော့ပေမယ့် သူလေးက အငိုမရပ်၍ ရိပေါ်လည်း ကြားကနေ ကူမေးပေးလာ၏။
" ဖေးဟုန် ဆိုးရင် ဒယ်ဒီတို့မချစ်တော့ဘူးလို့ ပြောထားတယ်နော်. . ဘာလို့ငိုတာလဲ ဒယ်ဒီတို့ကို ပြောပြလေ "
" ဒယ်ဒီတို့က သားကို ချစ်သေးလို့လား? သားကို ဒီမှာတစ်ယောက်တည်းပစ်ထားခဲ့တယ်. . သားကိုပစ်ပြီးထွက်သွားခဲ့ကြတယ်မဟုတ်လား? သားကို မချစ်တော့လို့ စွန့်ပစ်ခဲ့ကြတာလားဟင် . . သားကို မချစ်တော့ဘူးလား. . အဟင့်အဟင့် "
ရိပေါ်မေးမှ ပင်းသွေးထိုးခဲ့တဲ့စကားတွေကို အတည်ထင်ပြီး ဖေးဟုန်လေးတစ်ယောက်ရှိုက်ကြီးတငင်ငိုကြွေးကာ လုံးလုံးထွေးထွေးပြောလာတော့သည်။
" ဘာလို့ ဖေးဟုန်ကို မချစ်ရမှာလဲ? ချစ်တာပေါ့။ ချစ်လွန်းလို့ ဖေးဟုန်လေးကိုကယ်ဖို့ လုပ်နေခဲ့တာလေ။ ဘယ်သူကပြောလဲ? ဖေးဟုန်လေးကို စွန့်ပစ်ခဲ့တယ်လို့ "
YOU ARE READING
Beijing Vampire(Complete)
Paranormalကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ်သာ ဖြစ်ပါသည်။ Update စသည့်နေ့ - 29.6.2020 #Yibo #XiaoZh...