(Unicode) တစ်ချက်တစ်ချက် သူ့နှလုံးသားကို ထိကပါးယိကပါးလုပ်လာသည့်ယွမ်ဖေးအသံလေးကြောင့် သူ မနေနိုင်တော့ပဲ ယွမ်ဖေးလည်တိုင်လေးအား သူ့နှုတ်ခမ်းကိုဖွင့်ဟကာ စုပ်ယူနမ်းရှိုက်ခဲ့လိုက်၏။
" အ . ဘာလုပ်တာ ? "
ယွမ်ဖေးမှာ သီချင်းဆိုနေရင်းက သူ့လည်ပင်းထက်၌ စိုစိစိဖြင့်ပူနွေးသော အနမ်းများကိုရခဲ့၍ တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထကာ တွန့်သွားလေတော့ ထိုလူက သူ့ကိုယ်လေးကို သိုင်းဖက်ကာ သူ့လည်တိုင်လေးကို အတင်းနမ်းရှိုက်လာတော့သည်။
" လွှတ်ပေး။ ခင်ဗျားတောင်းတဲ့အတိုင်း သီချင်းဆိုပေးနေတယ်လေ. . အာ ~ "
ယွမ်ဖေးမှာ စိတ်ထဲတစ်မျိုးဖြစ်မိတဲ့ထိုအထိအတွေ့ကြောင့် လန့်ပြီး တားမြစ်နေခဲ့ရာ ထိုလူ့ဆီက သူ့စိတ်ကို မိန်းမောစေတဲ့ လည်တိုင်ထက်က အနမ်းတွေကြောင့် သူ မနေနိုင်ပဲ နှုတ်ခမ်းကိုသွားနဲ့ဖိကိုက်လိုက်မိသည်။
ထိုလူမှာလည်း သူ၏လည်တိုင်လေးကို နီညိုရောင်အမှတ်သားတွေပေါ်သည်အထိ စွဲစုပ်နေမိရင်း စိတ်မထိန်းနိုင်ပဲ မျက်လုံးတွေ နီသွားခါမှ အနမ်းကို ရပ်တန့်လိုက်၏။ ထိုကောင်လေးရဲ့အိစက်စက်လည်ပင်းသားလေးက သူ့ရဲ့သွားတွေကို ကိုက်ချင်အောင် မြူစွယ်နေပေမယ့် သူ မကိုက်ရက်ပဲ ချက်ချင်း လွှတ်ပေးခဲ့သည်။
" ငါ့နာမည်က N "
" ဗျာ? "
ထို့နောက် သူ့ကို နာမည်လေး ပြောသွားပြီး ဖျတ်ခနဲ ထွက်သွားလေရာ ယွမ်ဖေး ဘာမှပင် ပြန်ပြောဖို့အချိန် မရခဲ့လိုက်ပေ။
" N? နေဦးလေ။ ခင်ဗျား "
** ခင်ဗျားလုပ်ချင်တာလုပ်သွားပြီး အခုလို ထားခဲ့တာတော့ မမိုက်သေးပါဘူး။ ကျက်သရေတုံးတဲ့ သွေးစုပ်ဖုတ်ကောင်ကြီး **
သူ့ကို ထင်သလိုလုပ်ပြီး ထွက်သွား၍ ယွမ်ဖေး ဂြိုလ်ကြည့်ကြည့်ကာ သူ့လည်ပင်းလေးကို လက်ဖြင့် ဖိပွတ်လိုက်မိသည်။
** ကျက်သရေတုံးလိုက်တာ။ဘာတွေလုပ်သွားမှန်းမသိဘူး **
သူကိုယ်တိုင်လည်း ထိုအနမ်းတွေကြောင့် ရင်ထဲ မသိုးမသန့်ဖြစ်သွားရ၍ စိတ်ပြန်ထိန်းကာ နေရာမှ ထွက်သွားခဲ့လေသည်။
_______________
YOU ARE READING
Beijing Vampire(Complete)
Paranormalကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ်သာ ဖြစ်ပါသည်။ Update စသည့်နေ့ - 29.6.2020 #Yibo #XiaoZh...