Part-23

4K 592 18
                                    

(Unicode) " သြော် ကိုင်မှကိုင်ပါဦးမလားလို ဆရာရှောင်ရယ် "

လက်စသတ်တော့ ဖုန်းခေါ်သောကောင်လေးက သူ့တပည့် ယွမ်ဖေးလေးသာ ဖြစ်နေပါသည်။

" အင်း။ ယွမ်ဖေး။ ဘာကိစ္စရှိလို့လဲဟင်? "

ဆိုင်တစ်ခုလုံးကို သူ့ခေါင်းပေါ် ပုံချခဲ့ပြီး အဆက်သွယ်ပြတ်နေတဲ့ရှောင်ကျန့်ကို ယွမ်ဖေးက ဘာကိစ္စနဲ့များ ဆက်ရဦးမှာလဲ?
ဆိုင်ရှင်ကြီး ရှောင်ကျန့်၏အမေးစကားကတော့ ယွမ်ဖေးကို သက်ပြင်းလုလု ချစေခဲ့လျှက်။

" ဘာကိစ္စရှိရမှာလဲ ဆရာရှောင်ရယ်။ ဆိုင်ကိစ္စပေါ့။ ကျွန်တော်တစ်ယောက်တည်း မနိုင်ဘူးလေ။ ဆရာရှောင် တော်တော်အခြေနေဆိုးနေတာလားဟင်။ ကျွန်တော် လာတွေ့ဦးမယ်။ လိပ်စာလေး ပြောပြပေးပါလား? "

ယွမ်ဖေးဟာလည်း တပည့်ကောင်းပီပီ သတင်းလာမေးဖို့ ပြောတော့ ရှောင်ကျန့်မှာ ရိပေါ်ရဲ့စကားတွေကိုပြန်ကြားပြီး ခေါင်းအခါခါရမ်းကာ တားမြစ်လိုက်မိသည်။

" မ မလာနဲ့။ "

" ဟင်? ဘာလို့လဲ? ဆရာရှောင် နေမကောင်းဘူးဆို ကျွန်တော် လာမေးရမှာပေါ့ "

" ဟိုလေ မလာနဲ့။ မင်းလာလို့မဖြစ်ဘူး။ ငါအခု ဆေးရုံမှာမို့။ ငါနေကောင်းမှ ပြန်တွေ့ကြတာပေါ့။ ဆိုင်ကို မင်း မအားရင် ပိတ်ထားပေးပါလား? "

ရှောင်ကျန့်လည်း ဟိုဝေ့သည်ဝိုက်လိမ်ညာပြောရင်း ဆင်ခြေပေးလိုက်တော့ ရိုးတိရိုးကန်း ယွမ်ဖေးလေးမှာ တကယ်မှတ်ပြီး ထိတ်လန့်သွားလေသည်။

" ဗျာ။ ဆရာရှောင် ဘာရောဂါဖြစ်တာတုန်း။ "

" ဟိုလေ။ အေး အေး ဟိုဟာ အေးကွာ. . "

ယွမ်ဖေးက ရောဂါမေးလေတော့ ရှောင်ကျန့်မှာ ရုတ်တရက်ကြီးမို့ ဘာပြန်ဖြေရမှန်းမသိ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားရသည်။ ဒါကို အထာကောက်မြန်တဲ့ ယွမ်ဖေးက ဘယ်လိုထင်သွားသလဲဆို. . .

" ဗျာ. . ဆရာရှောင် A ဖြစ်နေတာလား? "

" ဘာကွ "

ဘယ်သူနဲ့မှ ထိတွေ့ဆက်ဆံမှုမရှိတဲ့ သူ့ကို Aလို့ ထင်မြင်ပေးလိုက်တော့ ရှောင်ကျန့်မှာ တော်တော်လေး ဒေါသထွက်သွားခဲ့မိသည်။

Beijing Vampire(Complete)Where stories live. Discover now