(Unicode) Sponsor companyနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်ခဲ့တဲ့ ယွမ်ဖေးမှာတော့ ကုတင်တစ်ခုပေါ်မှာ သတိလစ်မေ့မျောနေခဲ့လေသည်။
" မလုပ်ကြပါနဲ့ ~ ~ မလုပ်ကြပါနဲ့ "
သူ့မျက်ဝန်းထဲမှာလည်း မျက်နှာဖုံးရှင် N နှင့် လူဆိုးတစ်ဖွဲ့၏ ရက်ရက်စက်စက် တိုက်ခိုက်မှုများကို မြင်ယောင်မိကာ အထိတ်တလန့်ဖြင့် နှုတ်မှ တားမြစ်နေမိခဲ့သည်။
သို့ပေမယ့် သူတို့တိုက်ပွဲဟာ မပြီးဆုံးပဲ Nဟာ ကောက်ကျစ်ဖွယ်အပြုံးများနှင့် လူသားအားလုံးကို အနိုင်ယူနေရာ ယွမ်ဖေး ငိုယိုပြီး အတင်းအော်တားနေခဲ့၏။
" တော်ကြပါတော့. . . ရပ်လိုက်ကြပါတော့ "
သူ့အော်သံလေးကိုကြားတဲ့အခါ မျက်နှာဖုံးအထဲက စူးရှတဲ့ အဲ့ဒီလူရဲ့မျက်ဝန်းများဟာ ယွမ်ဖေးဆီသို့ ရောက်လာခဲ့လေသည်။
~ သူ့ကို မထိနဲ့။ သူက ငါ့အပိုင် ~ ~
ထို့နောက် လဲကျနေသောလူများကို သတိပေးရင်း ယွမ်ဖေးကို စူးစိုက်ကြည့်လာသည့် မျက်ဝန်းများဟာ နီရဲလာကာ လေအလျှင်လို ယွမ်ဖေးအနားသို့ ဘွားခနဲ ရောက်လာလေတော့ -
"ကြောက်ပါတယ်။ ကျွန်တော့်ကို မကိုက်ပါနဲ့။ အားးးးးးးးးးးး"
မျက်စိရှေ့သို့ ဗြုန်းဒိုင်းကြီးတိုးကပ်လာသောပုံရိပ်ကြောင့် ယွမ်ဖေးလန့်ဖြန့်ပြီး အိပ်ယာကနေ ဇွက်ခနဲ ထထိုင်မိသွားသည်။ အဲ့ဒီလူကို ကြောက်လန့်သည့်စိတ်ဖြင့် တစ်ကိုယ်လုံးမှာလည်း ချွေးများ ရွှဲရွှဲစိုနေပြီး ပွင့်ဟလာသော မျက်ဝန်းများတွင်လည်း ဂနာမငြိမ်ဖြစ်လို့ လာရသည်။
** အိပ်မက်လား?? အိပ်မက်လား? ငါ ဘာဖြစ်သွားတာလဲ? ဘယ်ရောက်နေတာလဲ? **
သူထိတ်လန့်နေမိသော ပုံရိပ်ကြီးများဟာ မျက်လုံးဖွင့်သည်နှင့် ပျောက်ရှသွားသော်လည်း ယွမ်ဖေးမှာ ထိုအိပ်မက်ကြောင့် ထိတ်လန့်နေမိတုန်း။
" သြော် မင်း သတိရလာပြီပဲ "
" အမယ်လေး ကျွတ်ကျွတ် "
ယွမ်ဖေးမှာ ထိတ်လန့်ပြီး စိတ်ကို မနည်းပြန်ထိန်းနေစဉ် ဘေးမှ ယောကျာ်းတစ်ယောက်၏အသံကို ကြားရ၍ လန့်ပြီး လှည့်ကြည့်လိုက်မိသည်။ လက်စသတ်တော့ သူအိပ်နေမိတဲ့ကုတင်ဟာ လင်းထိန်နေသောဟောခန်းကြီးထဲမှာ ရှိနေပြီး ဘေးမှာလည်း မျက်မှန်တစ်လက်နှင့် Laptopကို ကြည့်နေသော ခပ်ချောချောလူတစ်ယောက်ကို တွေ့ခဲ့ရသည်။
YOU ARE READING
Beijing Vampire(Complete)
Paranormalကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ်သာ ဖြစ်ပါသည်။ Update စသည့်နေ့ - 29.6.2020 #Yibo #XiaoZh...