(Unicode) ဒီလိုနဲ့ တစ်ခုသော မနက်မိုးသောက်မှာတော့ -
ခွေးသွေးနှင့် မဆံ့ရင်ကယ်အသက်ဆက်ရှင်နေရသော ရန်ကျဲတစ်ယောက် ခွေးအလောင်းကို ဖျောက်ဖို့ တိုက်ခန်း၏အနောက်ဘက်ခြံထဲသို့ ခိုးထွက်လာခဲ့သည်။
ခွေးအလောင်းကိုလည်း ကြွတ်ကြွတ်အိတ်အမည်းနှင့် သေချာထုတ်ပိုးပြီး ခြံအနောက်ဘက်က သစ်ပင်တစ်ပင်အောက်၌ တိတ်တဆိတ် မြေတူးနေ၏။** ဘာပဲဖြစ်ဖြစ် အဲ့ဒီလူ မရိပ်မိအောင် နေရမယ်။ မဟုတ်ရင် ငါရော ကလေးရော ဒုက္ခရောက်ရလိမ့်မယ် **
မြေကျင်းဟာ အနည်းငယ်နက်လာတော့ အထုတ်ကြီးကို ပစ်ထည့်ရင်း အပေါ်ကနေ မြေပြန်ဖို့နေခဲ့သည်။
" အဲ့ဒါက ဘာလုပ်နေတာလဲ? "
ဒီအချိန်ဆို မရှိလောက်တော့ဘူး ထင်နေမိပေမယ့် နောက်ကျောမှ အေးစက်စက်လေသံကြောင့် စစ်ရန်ကျဲ တော်တော်ပင်ထိတ်လန့်သွားရသည်။ သို့ပေမယ့် ဘာမှမဖြစ်သည့်ပုံစံနှင့် ဟန်ဆောင်ပြုံးရင်း တစ်ဖက်သို့ လှည့်ကြည့်လိုက်၏။
တစ်ဖက်မှာက သူ့ကို မသင်္ကာစွာစူးစိုက်ကြည့်နေသည့် ရိပေါ်ကို တွေ့ရသည်။
" ဘာမလုပ်ပါဘူး မောင်လေးရဲ့။ မွေးထားတဲ့ခွေးလေး သေသွားလို့ လာမြှုပ်နေတာပါ။ မြင်လည်းမမြင်ဖူးပါလား? အသစ်ထင်တယ် "
သူ့ကိုလာဖမ်းတဲ့သူမှန်း သိပေမယ့် ဟန်ဆောင်ကောင်းစွာ မသိသလိုနေနေ၍ ရိပေါ် မချိပြုံးပြုံးလာခဲ့သည်။
" ကျွန်တော့်ကို မသိဘူးဆိုတော့ မိတ်ဆက်ပေးရတာပေါ့။ ကျွန်တော်က လူတွေရဲ့အသက်ကိုနှုတ် ဂုတ်သွေးစုပ်တတ်တဲ့ သွေးစုပ်ကောင်တွေကို နှိမ်နှင်းတဲ့သူတစ်ယောက်ပါ။ ဒီပတ်ဝန်းကျင်တစ်ဝိုက်မှာ သွေးစုပ်ကောင်အနံ့ရနေလို့ လာကြည့်တာ။ အမဖြစ်နေတာကိုး "
" သြော်။ အမ ဘာမှမသိပါဘူး။ ရှာစရာရှိတာ ဆက်ရှာပါနော်။ အမသွားတော့မယ် "
သူ့ကိုစောင်းပြောနေမှန်းသိတာကြောင့် စစ်ရန်ကျဲ စကားကို လွှတ်အောင်ရှောင်ပြောရင်း တစ်ဖက်သို့ အမြန်လှည့်ထွက်လိုက်သည်။
YOU ARE READING
Beijing Vampire(Complete)
Paranormalကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ်သာ ဖြစ်ပါသည်။ Update စသည့်နေ့ - 29.6.2020 #Yibo #XiaoZh...