Part-18

5.1K 653 22
                                    

(Unicode) သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ လှုပ်နှိုးကြည့်တော့ ရှောင်ကျန့်၏မျက်လုံးတို့ကပွင့်ဟမလာသေးပဲ ဝေဒနာကြောင့် လူးလွန့်ပြီး ညည်းညူနေလေတော့ သူ ခေါင်းတွေပူထူကာ ဘယ်လိုလုပ်ရမှန်းမသိတော့ပေ။ ဒါနဲ့ သူ့မီးဖိုခန်းထဲက ခွက်တစ်ခုကို ယူကာ သွေးရည်တွေထည့်ရင်း ရှောင်ကျန့်၏နှုတ်ခမ်းဝသို့ တေ့ပေးလာသည်။

" ရှောင်ကျန့်. . ရှောင်ကျန့် ဒါသောက်လိုက်ပါ။ ထဦး ဟေ့ "

သူ့ပုခုံးပေါ်၌ ရှောင်ကျန့်၏ခေါင်းကို ထိန်းပေးထားရင်း နှုတ်ခမ်းဝသို့ အသာတေ့ပေးကာ သွေးရည်များကို ဖြည်းဖြည်းချင်း တိုက်လိုက်ရာ -
အော့~ အဟွတ်အဟွတ်
ခန္ဓာကိုယ်က တောင့်တနေသော်လည်း ထိုကဲ့သို့ ညှီနံ့ထောင်းသည့် သွေးစိမ်းများကို ရှောင်ကျန့်လက်မခံနိုင်၍ ပြန်အန်ထုတ်လေ၏။

" ဟာ. . ရှောင်ကျန့် သတိထားဦး။ မင်းသောက်မှဖြစ်မယ်။ ထွေးမထုတ်နဲ့ "

ရှောင်ကျန့်ကိုကြည့်ရသည်က သတိရလာပြီဖြစ်သော်လည်း မျက်လုံးပင် ဖွင့်နိုင်ဖို့ အားအင်မရှိပဲ ဆိုးရွားသောဝေဒနာကြောင့် အခုလိုဖြစ်နေခြင်းဖြစ်မည်။ ဒါ့ကြောင့် ရိပေါ်လည်း သူ နားဝင်လုဝင်ငြား သောက်ဖို့ရန် တိုက်တွန်းပြောရင်း ထပ်ပြီး သွေးရည်တို့ကို တိုက်လာခဲ့သည်။

" အွတ်~ ~ မသောက်ဘူး. .အဟွတ် မသောက်ဘူး "

အဝင်ဆိုးလှသော ထိုသွေးများကို ရှောင်ကျန့် လက်မခံနိုင်၍ နှုတ်မှ ရေရွတ်ရင်း ငြင်းဆိုခဲ့သည်။ ရိပေါ်မှာ သူ ခံစားနေရသည်ကို မြင်ရ၍ ရင်ထဲ မချိမသာဖြစ်မိသည်။

" မင်းမသောက်လို့ မရဘူး။ မင်း အသက်ရှင်ဖို့အတွက် ဒါသောက်မှ ဖြစ်မယ်။ ရှောင်ကျန့် သတိထားဦး။ ဒါကို လက်ခံလိုက်နော် "

ထပ်ပြီး သတိစကားပေးကာ တိုက်တွန်းလာတော့ ရှောင်ကျန့်မှာ မျက်နှာကို တစ်ဖက်သို့လွှဲသွားလေသည်။ သူက လူသားတစ်ယောက်လေ။ ဒီလိုသွေးစိမ်းတွေကို ဘယ်လိုလုပ်သောက်ချင်ပါ့မလဲ။ တစ်ဖက်သို့လွှဲကာ ဝေဒနာကိုတင်းခံနေသည့် ရှောင်ကျန့်ကို သူကိုယ်ချင်းစာမိပါသည်။

Beijing Vampire(Complete)Where stories live. Discover now