(Unicode) ပေါက်~ ပေါက်~ ပေါက်~
အိပ်စက်နေခြင်း၏လွှင့်ပျယ်မှုနောက်တွင် မာကျောသောတစ်စုံတစ်ရာပေါ်သို့ ရေစက်တို့ တပေါက်ပေါက်ကျသံကို ကြားလာရတဲ့အခါ မှိတ်ထားသောယွမ်ဖေး၏မျက်ဝန်းများဟာ ယဲ့ယဲ့လေး စတင်လှုပ်ခတ်လာတော့၏။
ကျစ်ယွမ်ဖေး~ ~ထို့အပြင် နားထဲ၌ တစ်စုံတစ်ယောက်က သူ့ကို ဆွဲခေါ်နေသည့်အသံကို လှိုဏ်ခေါင်းထဲက ကြားနေရသလို ခံစားလာရတော့ . . ယွမ်ဖေး မနေနိုင်တော့ပဲ မျက်ဝန်းများကို ဖွင့်ဟလိုက်မိသည်။
" ခင်ဗျား ဘယ်သူလဲ? "
အမြင်လွှာတစ်ခုလုံးမှာလည်း အမှောင်ပိတ်ဖုံးနေပြီး လူရိပ်တစ်ခုကို ဝေဝါးစွာ မြင်လိုက်ရ၍ သူ့ကိုခေါ်နေသောထိုလူဟာ ဘယ်သူလဲဆိုတာ ယွမ်ဖေးသိချင်သွားရသည်။ ထိုအခါ တစ်ဖက်မှ လည်ပင်းအက်ကွဲသံနှင့်ပြန်ဖြေလာသည်ကို သူလက်ခံရခဲ့၏။
" ငါက သားသတ်သမားဂျင် "
ဘာပဲဖြစ်ဖြစ် ပင်းနှင့်ပတ်သက်ပြီး ဂျင်ကိုသိခဲ့၍ ပေါ့ပေါ့ပါးပါးလေး သူပြန်မေးလိုက်မိသည်။
" အကိုပင်း . .အယ် Nဆီကို လာတာလားဟင်? ကျွန်တော် ဘာပြောပေးရမလဲ? "
" အသက်ရှူကြပ်တယ်လို့ . . အရမ်းလည်းအေးတယ်လို့ ပြောပေး "
" ဗျာ "
ပြောပုံဆိုပုံဟာလည်း သာမန်နဲ့မတူပဲ တစ်ကိုယ်လုံးက ရေတွေဟာ ကြမ်းပြင်သို့ အဆက်မပြတ်ကျနေလေတော့ ယွမ်ဖေးလန့်ပြီး သေချာစူးစိုက်ကြည့်လိုက်မိသည်။
ထိုအခါ ဂျင်က ရေစိုရွှဲနေသည့်ကိုယ်နှင့် ယွမ်ဖေးအနားသို့ တဖြည်းဖြည်းတိုးကပ်လာကာ မခံမရက်နိုင်သော ကြောက်စရာမျက်နှာကြီးဖြင့် အော်ဟစ်ပြောလာတော့သည်။ . ." ငါအရမ်းအေးနေတယ်လို့ . . ဘာလို့ငါ့ကို ရက်စက်ရတာလဲလို့ . . ဘာလို့ ငါ့ကို မြစ်ထဲပစ်ချခဲ့တာလဲလို့ "
" အားး အားးးးးး "
သူ့မျက်ဝန်းရှေ့ကို ထိတ်လန့်စရာကောင်းသောမျက်နှာကြီးနှင့် ရောက်ရှိလာသော ယွမ်ဖေး အရမ်းလန့်သွားပြီး အိပ်ယာနှင့် ကျောကို ဆတ်ခနဲ ခွါလိုက်မိသည်။
YOU ARE READING
Beijing Vampire(Complete)
Paranormalကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးကို vampireကူးစပ်လာတာကနေ ဖြစ်ပေါ်လာသော ပြဿနာအရှုပ်အထွေးများနှင့် အချစ်ဇာတ်လမ်းများ. . . ဤFictionသည် စာရေးသူ၏ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းသပ်သပ်သာ ဖြစ်ပါသည်။ Update စသည့်နေ့ - 29.6.2020 #Yibo #XiaoZh...