Part-61

2.2K 315 21
                                    

(Unicode)  အဲ့ဒီ ကီးပက်ထဲ ဂဏန်းအမှန်ကို ရိုက်ထည့်နိုင်ရင် ရိပေါ် လက်ကို ချုပ်ထားတဲ့သံကြိုးကွင်းဟာ ပွင့်သွားပါလိမ့်မည်။
ဒါ့ကြောင့် ရှောင်ကျန့်လည်း သိသိချင်း ထိုနံရံအနားသို့ ပြေးသွားကာ ပက်ဝက်ရိုက်ထည့်ဖို့ ကြံတော့သည်။

" မင်း ပက်စ်ဝက်သိလား ? "

ရိပေါ်က ဘာပဲဖြစ်ဖြစ် JJVအဖွဲ့သားတစ်ဦးမို့ ပက်ဝက်ကို သိမည်ဟုတော့ ရှောင်ကျန့် ထင်မိသည်။ ဒါပေမယ့် ရိပေါ် မသိအောင် ပင်းက ပြောင်းထားသည်မို့ ပက်စ်ဝက်အမှန်ကို ရိုက်မထည့်နိုင်ခဲ့ပေ။

တောက် !

ရှောင်ကျန့်လည်း ကြိုးစားပြီး ကိန်းဂဏန်းတွေ လှည့်ပတ်ရိုက်ပေမယ့် မမှန်ကန်တာမို့ ဘယ်သူ့ကိုစိတ်တိုလို့တိုရမှန်းမသိ တောက်တစ်ချက်ခေါက်မိသွားလေသည်။ သေချာတာကတော့ သူတို့ကို ဒုက္ခရောက်အောင်လုပ်တဲ့ ပင်းကို စိတ်တိုနေတာဖြစ်မည်။

" ကျန့်ကော. . ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့. . ဒီကနေ အမြန်ဆုံး ထွက်ပြေးပါ. . .  ဖေးဟုန်လေးက vampireဆိုတော့ သူ့ကို ဒီအခန်းနဲ့ ငါးခန်းကျော်က ညာဘက်ထောင့်အခန်းတစ်ခုမှာ ဖမ်းထားတာဖြစ်လိမ့်မယ်။ ကျန့်ကော သူ့ကို ရှာပြီး နှစ်ယောက်စလုံး ဒီကနေ ထွက်သွားကြပါတော့. ."

ပက်စ်ဝက်ကတော့ ဘယ်လောက်ရိုက်ထည့်ထည့် မှန်မယ့်ကိန်းမပေါ်တဲ့အတွက် အချိန်ကုန်မည်ဆိုး၍ ရှောင်ကျန့်ကို ရိပေါ် လှမ်းတားလိုက်မိသည်။
JJVအဖွဲ့သားတွေက အနားယူချိန်ကို သိပ်ယူတတ်တာမဟုတ်၍  လစ်တုန်းလေး ရှောင်ကျန့်ကို ထွက်ပြေးဖို့ ရိပေါ် အကြံပေးခြင်းဖြစ်သည်။

ဒါပေမယ့် ရိပေါ်စကားကို ရှောင်ကျန့်က နားထောင်ပါလိမ့်မည်လား. . .
ဟင့်အင်း. . ခေါင်းအခါခါရမ်းရင်းသာ ရှောင်ကျန့် ငြင်းပါသည်။
ချစ်ရတဲ့သူကို ဒီလို အေးစက်နာကြင်ရတဲ့ အခန်းထဲမှာ ရှောင်ကျန့် ပစ်ထားခဲ့နိုင်မည်မဟုတ်ပါ။

" ငါ မင်းမပါပဲ ဘယ်ကိုမှ မသွားနိုင်ဘူး "

" ကျစ်. . ကျန့်ကော အဲ့ဒီလိုလုပ်လို့မရဘူးလေ. . ဒါက အရေးကြုံနေတာနော်။ ဖေးဟုန်လေးကို ခေါ်ပြီး ဒီဘက်လမ်းကနေ တည့်တည့်သွားရင် မြေအောက်ခန်းလှေကားကိုတွေ့မယ်. . အဲ့ဒီကနေ ကျန့်ကောတို့ ထွက်ပြေးရင်ရပြီ "

Beijing Vampire(Complete)Where stories live. Discover now