Episode (1) Uni/Zaw

694 22 9
                                    

မန္တလေး မြို့ မနက် 6:00 နာရီ

"ဒေါက် " ဒေါက် "
"သားရေ မထသေးဘူးလား သားလေး နေလင်းမောင် သားလေး "
"ဒေါက် ဒေါက်"

" အင်းးးးးး"
"ဒေါက် ဒေါက်"

"ထပီကြီးမေ ထပီ "

နေလင်း က ငယ်ငယ်ထဲက
ညအိပ်ရင် တံခါးပိတ်မအိပ်သောကြောင့် ကြီးမေ က တံခါးဖွင့်ဝင်လာသည်

"ချောက်"

"သားလေး သားဆရာတွေနဲ့ ကချင် ပြည်နယ်ဖက်ခရီးလိုက်ရမယ်ဆို ပြင်ဆင်ပီးပီလား အိပ်ရေးရော ဝ ရဲ့ လား သားလေး "
နေလင်းက အိပ်ချင်မူးတူးရုပ်နဲ့
"ပြင်ပီးပါပီ ​ကြီးမေရဲ့ ညကသားပစ္စည်းတွေထည့်နေလို့ အိပ်တာနောက်ကျသွားလို့ ပါ"

"အင်းပါသားရယ် သွားသွားရေချိုး မျက်နှာသစ်တော့ ကြီးမေ အောက်မှာမနက်စာ စားဖို့စောင့်နေမယ်"
"

ဟုတ် ကြီးမေ "

​ကြီးမေထွက်သွားမှ သူလဲ အိပ်ယာသိမ်းကာ ရေလဲပုဆိုးယူ ကာရေချိုးခန်းထဲ ဝင်ခဲ့သည်
ကျွန်တော့ နာမည်က နေလင်းမောင်
ဆေးကျောင်းနောက်ဆုံးနှစ် တက်နေတဲ့ ဆရာဝန်လောင်းလျာလေး
အိမ်မှာ ကျွန်တော် ငယ်ငယ်ထဲက
ကျွန်တော့်ကို ပြုစုစောင့်ရှောက် ခဲ့တဲ့ ကြီးမေကြီး နဲ့ တူတူနေသည်

ကျွန်တော် 14နှစ်သားအရွယ်ထဲက ကားမှောက်ကာ မိဘနှစ်ပါးလုံး ဆုံးပါး သွားခဲ့ ရသည် ဆွေမျိုးသားချင်းရယ်လိုများများစားစား မရှိသောကြောင့်
တစ်ယောက်ထဲ ဖြစ်နေ ခဲ့ ရတဲ့ ကျွန်တော့ ကို အမေ့ရဲ့ အမ အကြီးဆုံး ဖြစ်တဲ့ ကြီးမေကြီး ကပဲ မိဘ လို ဂရုစိုက် စောင့်ရှောက်ပေးခဲ့ သည်မို့ ကျွန်တော်ကလဲ ကြီးမေကြီးကို မိခင် တစ်ယောက်လို ချစ်ခင် နေရသည်

အခုလဲ လက်တွေ့ဆင်းနေတဲ့ ဆေးရုံက စီနီယာ ဆရာဝန်တွေနဲ့ ကချင် ပြည်နယ် ဖက်က စစ်ဘေးသင့်ပြည်သူတွေကို
လှူစရာရှိတာများ လှူပီး ကျန်းမာရေး စစ်ဆေးစရာရှိများ စစ်ဆေး ပေးရအောင် သွားကြမှာ ဖြစ်လို့
ညထဲက ကြိုတင်ပြင်ဆင် ထားရသည် ရေချိုးပီး အဝတ်စား လဲကာ Luggage ကိုဆွဲပီးထွက်လာခဲ့လိုက်သည်
အပျော်ခရီးသွားမှာ မဟုတ်ပေမဲ့ ကချင်ပြည်နယ် ဖက်က အခုချိန် အတော်လေးအေးမှ မို့ အနွေးထည်တွေနဲ့ ကျန်လိုအပ်တဲ့ ပစ္စည်းတွေထည့်ရင်းLuggage တစ်လုံးအပြည့်ဖြစ်သွားရသည်

ရလို၍ ချစ်ခဲ့သည်(U/Z)Where stories live. Discover now