Zawgyi:
>>>>>>>>>2019 <<<<<<<<
ပါးပေါ်သို့ ဖြတ်ပြေးသွားသော လေပြေနုနုနဲ့ အလင်းဓာတ်ခပ်ဖျော့ဖျော့ ကိုခံစားမိသည်။ ဒါဆိုသေချာပြီ။ မနက်မိုးလင်းနေပြီ။
ပြီးတော့...။ လွမ်းဆွေးဖွယ်ကောင်းတဲ့ ပလွေသံ.....။ ဒါဆို.......
အဖြူရောင်မွေ့ယာ၊ အဖြူရောင်ခေါင်းအုံး၊ အဖြူရောင်စောင်၊ အဖြူရောင်တို့ဖြင့်စီခြယ်ထားသော ကြီးမားကျယ်ပြန့်လှသည့် ကုတင်ထက်တွင် အိပ်စက်နေသော ကောင်လေးသည် ပုလွေသံကြားသည်နှင့် မျက်လုံးကို ချက်ချင်းဖွင့်ကာ ကုတင်ပေါ်မှ အမြန်ဆင်းလိုက်သည်။ ထိုနောက် ပစ်မလဲရုံတမယ် အခန်းထဲမှ အမြန်ပြေးထွက်သွားသည်...။
ကြွက်တွေက ပုလွေသံနောက် လိုက်တယ်ဆို ဒီကောင်လေးဟာလည်း ကြွက်ကလေးပဲဖြစ်နေမှာ....။
သို့သော် ဒီကောင်လေးပြေးလိုက်တတ်သည်မှာ ဤပုလွေသံတစ်ခုတည်း....။တုတ်ခိုင်ပြောင်ချောသော ကျွန်းသားတို့ဖြင့်ပုံဖော်ထားသော ကျယ်ပြန့်လှသည့် လှေကားထက်မှ ကျားလိုက်လာသည့်နှယ် ပြေးဆင်းလာသော သားဖြစ်သူအား ဒေါ်အေးမြတ်သည် 'နင့်ကိုတော့ မပြောချင်တော့ဘူး' ဆိုသည့်အကြည့်နှင့်....
"ပြာယာကိုခတ်နေတာပဲဟယ်"
"မေမေ... ဦးငယ်ရောက်နေပြီလား"
"ပုလွေသံ ကြားလို့ပြေးဆင်းလာပြီးတော့ ငါ့ထပ်မေးနေရသေးလား..."
"ဟီး..အာ့ဆို ဦးငယ်ဆီ သွားလိုက်အုံးမယ်"
"နင့်ဦးငယ် မျက်နှာကို အကဲခတ်အုံး။ အခြေနေမကောင်းရင် မရှုပ်နဲ့။ ကြားလား"
"သားသိပါတယ် မေမေရာ..."
"ဟဲ့ဟဲ့...! မိုးသက်ဦး နင်မျက်နှာမသစ်ရသေးဘူးမလား။ အာပုတ်နံ့ထောင်းနေတာပဲ။ ဒီပုံနဲ့သွား နင့်ဦးငယ်က ကန်လွှတ်မှာပေါ့။ ဟဲ့!... သြော်...ဒီကလေးနဲ့"
ဒေါ်အေးမြတ် တရစပ်ပြောနေသော်လည်း မိုးသက်ဦးသည် နည်းနည်းမှ ဂရုမစိုက် ဦးငယ်ရှိရာ အခန်းလေးသို့သာ အပြေးလေး သွားသည်။
ဒေါက်...ဒေါက်..ဒေါက်....
"........"
"ကျွန်တော် ဝင်ခဲ့ပြီနော်"

VOCÊ ESTÁ LENDO
မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)
RomanceZawgyi: 1997 ခေတ်ကာလနှင့် အခုမျက်မှောက်ခေတ်ကာလတို့ ခေတ်နှစ်ခေတ်အပြိုင် အချစ်အမုန်းအာဃာတတို့အား ဖော်ကျူးထားသည့် ........... 'မိုးသားတို့ ကင်းစင်ချိန်' မဟောင်းသေးတဲ့ အတိတ်ဇာတ်လမ်းလေးအား တို့တွေအတူ ခံစားကြည့်ကြရအောင်ပါ..........။ Unicode: 1...