Zawgyi:
>>>> 1997 April <<<<
ကိုလင်းဖေတို့၏ ရွာ နတ်ပွဲ နေ့လေးကတည်းက ကိုလင်းဖေ ကျွန်တော့်ဆီ ရောက်မလာခဲ့တော့။ အတိအကျပြောရရင် ခွဲခွာရတော့မဲ့အကြောင်း ပြောဖို့ ဇာတ်လမ်းစပြီးတည်းကပေါ့။ မနေ့ကလည်း ဆေးခန်း လိုက်မပို့ပေးသလို ထမင်းချိုင့်လည်း မပြင်ပေးခဲ့ဘူး။ လာကြိုမလားလို့ မှောင်တဲ့ထိ ဆေးခန်းမှာ စာင့်နေခဲ့လည်း သူရောက်မလာခဲ့။
ဒီနေ့က ကျွန်တော် ပြန်ရမဲ့နေ့ဆိုတာ သူမသိဘူးလား။ သူကျွန်တော့်ကို လာမတွေ့တော့ဘူးလား။ သူ့ကို မတွေ့ရပဲ ပြန်ရတော့မှာလား။ ဟင့်အင်း...။ မပြန်ချင်ဘူး။ မပြန်နိုင်ဘူး....။
"မိုးသား... မင်း ပစ္စည်းတွေကစုံပြီလား"
"စုံပါပြီ"
"ဒါဆို သွားရအောင်လေ....။ ကားမမှီပဲနေမယ်"
"ခဏလေးပါ။ ခဏလောက်တော့ အချိန်ရသေးတယ်မလား"
မိုးသားလွင်၏ မျက်နှာရိပ်အား ကိုဝင်းမောင် အကဲခတ်ကာ သက်ပြင်းပူတစ်ခုအား ချလိုက်သည်။
"ဆရာလေး...။ ကိုလင်းဖေကို စောင့်နေရင် သွားတာ ကောင်းမယ်ထင်တယ်။ နတ်ပွဲနေ့တည်းက အောင်မိုးနဲ့ တောင်ဘက်ရွာသွားကြတာ။ ပြန်လာမှာ မဟုတ်သေးဘူး။ သူတို့ အဲ့သွားရင် အနည်းဆုံး လေးငါးရက်လောက်နေကြတာ..."
အပူရိပ်အပြည့်နှင့် စောင့်မျှော်နေသူအား ကြည့်ရင်း ခင်မြိုင် မနေနိုင်စွာဖြင့် ဝင်ပြောလိုက်သည်။
ခင်မြိုင်အပြောကြောင့် မိုးသားလွင်ရဲ့ မျက်နှာလေး ပို၍ ညိုးကျသွားတော့သည်။
"ကျွန်တော် သူ့ကို နှုတ်ဆက်ချင်သေးလို့ပါ.."
"ကျုပ် ပြောပေးပါ့မယ်။ သေသေချာချာကိုပြောပေးမယ်။ ကားမမှီရင် အခက်တွေ့နေမှာစိုးလို့ပါ..."
"အင်းပါ။ ကျုပ်က သေချာနှုတ်ဆက်သွားတယ်လို့ ပြောပေးပါ"
"ပြောပေးပါ့မယ်"
"ကဲ... ဒါဆို ငါတို့သွားရအောင်..."
ကိုဝင်းမောင်က ပြောပြောဆိုဆိုနှင့် မိုးသားလွင်၏ အထုတ်များကို နွားလှည်းပေါ် တင်ပေးလိုက်သည်။

YOU ARE READING
မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)
RomanceZawgyi: 1997 ခေတ်ကာလနှင့် အခုမျက်မှောက်ခေတ်ကာလတို့ ခေတ်နှစ်ခေတ်အပြိုင် အချစ်အမုန်းအာဃာတတို့အား ဖော်ကျူးထားသည့် ........... 'မိုးသားတို့ ကင်းစင်ချိန်' မဟောင်းသေးတဲ့ အတိတ်ဇာတ်လမ်းလေးအား တို့တွေအတူ ခံစားကြည့်ကြရအောင်ပါ..........။ Unicode: 1...