Zawgyi:
>>>>> 2019 Septemper<<<<<
အဝတ် အပိုင်းစငယ်လေးများ အပ်ချည်မျှင်ငယ်လေးများနှင့် ပြည့်နေသော ကြမ်းပြင်လေးပေါ်တွင် ပန်းနုရောင်သန်းနေသည့် ခြေဖဝါးနုနုလေးသည် အရှေ့နောက် ခေါက်တုံ့ ခေါက်ပြန် လျှောက်လှမ်းနေသည်။ လက်တွင် ကိုင်ထားသော ဖုန်းလေးကိုလည်း နား နား ကပ်လျှက်ပေါ့....။
ဆက်တိုက်ခေါ်ဆိုနေသော်လည်း လူကြီးမင်းနှင့်တိုးနေသောကြောင့် နှုတ်ခမ်းတို့ ဖိကိုက်ကာ ဒေါသအနည်းငယ်ထွက်နေပြီ။
ဂုတ်သာသာ လောက်သာရှိသည့် ဆံပင်လေးအား နဖူးပေါ် လှန်၍ သပ်ကာ ထပ်မံ ခေါ်ဆိုချိန်တွင် သူမရှိရာ အခန်းငယ်လေးသို့ ရှင်းသန့်ငယ်ဟာ ဝင်လာခဲ့သည်။
"ပြီးသွားပြီဆို။ ဘယ်မှာလဲ"
"အဲ့မှာ"
"ဝါး.....။ မိုက်တယ်။ လင်းရယ် မယုံချင်စရာပဲ တော်တော်မိုက်တယ်။ နင် အမှတ်အများဆုံးရမှာ သေချာတယ်"
လင်းအာရုံ ညွှန်ပြသည့် နေရာသို့ လှမ်းကြည့်ချိန်မှာတော့ ရှင်းသန့်ငယ် ပါးစပ်အဟောင်းသားနှင့် တအံ့တသြဖြစ်ရသည်။
ရှင်းသန့်ငယ် အံသြချင်လည်း အံ့သြချင်စရာပင်။ လင်းအာရုံ၏ suit မှာ အမြင်ဆန်းပြီး သေသပ်လှပလွန်းသည်။ ကုတ်အင်္ကျီကိုတော့ ပုံမှန်ကုတ်တွေနဲ့ ကွဲထွက်ပြီး လည်ဝိုင်းပုံစံ ပြုလုပ်ထားပြီး အိပ်ထောင်ကိုလည်း ခပ်ကြီးကြီး လေးထောင်ပုံစံပြုလုပ်ထားသည်။ ကုတ်အင်္ကျီ၏အနားများနှင့် အိပ်ထောင်အား သံကွင်းငယ်များစီ၍ ကွပ်ထားသေးသည်။ အင်္ကျီသားသည်လည်း ဗြောင်မဟုတ်ဘဲ ခေါက်၍ လိမ်ထားသော လေးထောင့်ကွက်ငယ်တို့အပြည့်ဖြင့် အသေးစိတ် ပုံဖော်ထားသည်။
အတွင်းအင်္ကျီအား ပိုးသား နုနုလေး အသုံးပြုထားပြီး fitting ကျလွန်းသော ကိုယ်ကပ်အင်္ကျီဖြစ်သည်။ ငွေမျှင်လေးများ ယှက်ပြေးနေဟန်လည်း ထည့်သွင်းထားပြီး ခါးတို ပုံစံဖြစ်သည်။
ဘောင်းဘီကိုတော့ ပျောင့်ပြောင်းသော အသားအား အသုံးပြုထားပြီး ခါးအနည်းငယ်ရှည်ထားသည်။ တော်လျှောက် အကပ်ပုံစံ ချုပ်လုပ်ထားပြီး အောက်ပိုင်းနားတွင် ဝဲကျနေသည့် ခေါင်းလောင်းသဏ္ဍန်ဖြင့် အနည်းငယ် ကျယ်ထားသည်။

YOU ARE READING
မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)
RomanceZawgyi: 1997 ခေတ်ကာလနှင့် အခုမျက်မှောက်ခေတ်ကာလတို့ ခေတ်နှစ်ခေတ်အပြိုင် အချစ်အမုန်းအာဃာတတို့အား ဖော်ကျူးထားသည့် ........... 'မိုးသားတို့ ကင်းစင်ချိန်' မဟောင်းသေးတဲ့ အတိတ်ဇာတ်လမ်းလေးအား တို့တွေအတူ ခံစားကြည့်ကြရအောင်ပါ..........။ Unicode: 1...